Powered by Blogger.

မွေးနေ့ကိတ်ကို ခိုးစားမှုဖြင့် အရိုက်ခံရသည့် ၉နှစ်အရွယ်ကလေး သေဆုံး




အမေရိကန် မေရီလန်းဒ် ပြည်နယ်မှ အသက်၉နှစ်အရွယ်ကောင်လေးကို မွေးနေ့ကိတ်ခိုးစားလို့ဆိုပြီး သူ့မိခင်ရဲ့ရည်းစားက လက်ထိပ်ခတ်ကာ ရိုက်နှက်ခဲ့ပြီး ယင်းဒဏ်ရာတွေကြောင့်ပဲ ကောင်လေးဟာ ၀ါရှင်တန် က ကလေးဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၆ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကလေးမိခင်ရဲ့ ရည်းစားဖြစ်သူ အသက် ၃၀ရှိပြီဖြစ်တဲ့ Robert Wilson ဆိုသူဟာ ကလေးငယ် Jack ကို ဟေဂါးစ်တောင်း မြို့မှာရှိတဲ့ ၄င်းတို့နေအိမ်အတွင်း မွေးနေ့ကိတ်ကို ခွင့်ပြုချက်မရဘဲ ခိုးစားသည်ကို မိသွားသည့်အတွက် လက်ထိပ်ခတ်ကာ ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရပါတယ်။

ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားရာအိမ်ကို ည ၁၀း၃၀ ၀န်းကျင်မှာရောက်ရှိခဲ့ပြီး Jackရဲ့ မျက်နှာ၊ လည်ပင်း၊ ကျော၊ တင်ပါး၊ ခြေထောက်နဲ့ ဗိုက်တို့မှာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေနဲ့ Jack အပြင်းအထန်ခံစားနေရတာကို ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ Jackဟာ သတိမေ့နေပြီး အသက်တောင်ရပ်နေခဲ့ ပါတယ်။

Wilson ကို ပထမဆင့်၊ ဒုတိယဆင့် ကိုယ်ထိလက်ရောက်မှု၊ ကလေးသူငယ်  ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ လူသတ်မှုနဲ့ တရားစွဲဆိုဖို့ကိုလည်း ရင်ခွဲစိတ်စစ်ဆေးချက်ကို ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Yahoo!
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment