၈ပေ အမြင့်ရှိသော ပိုလာဝက်ဝံကြီးကို လန်ဒန်၏ အကျော်ကြားဆုံးနေရာ များတွင် တွေ့မြင်နေရသည်မှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ဖြစ်ပါတယ်။
အမှန်မှာမူ အထူးပြုလုပ်ထားသော ထောက်တိုင် ၁၉ ခုဖြင့် ၂လခန့် အချိန်ယူကာ ဖန်တီးပြုလုပ်ထားသော ပိုလာဝက်ဝံရုပ်ကြီး ဖြစ်ပြီး West End မှ ရုပ်သေးပညာ ရှင်နှစ်ဦးမှ ဝက်ဝံ၏ အတွင်းဘက်မှ ဝင်ရောက်ထိန်းချူပ်ကာ လှုပ်ရှားပေးနေခြင်းဖြစ်ပါတယ်။
Sky Atlantic ၏ “Arctic-noir” စီးရီးကို ကြေငြာရန် ဝက်ဝံကြီးတစ်ကောင် လွတ်မြောက်နေတယ် ဆိုပြီး ပြောခဲ့ပါတယ်။
ထိုဇာတ်လမ်းတွင် ပိုလာဝက်ဝံများ၊ Stanley Tucci၊ Michael Gambon၊ Sofie Grabol နှင့် Christopher Eccleston တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၉ရက် ကြာသပတေးနေ့ ညနေ ၉နာရီ တွင် စတင်မှာ ဖြစ်ပါတယ်။
Sky Atlantic ၏ ဒါရိုက်တာ Zai Bennett က ကျွန်တော့်အနေနဲ့ တကယ့် ပိုလာဝက်ဝံတွေကို လန်ဒန်က လမ်းတွေပေါ်ကို ခေါ်သွားချင်ပြီး လူတွေကို ကျွန်တော့ရဲ့ဇာတ်ကောင် တစ်ကောင်နဲ့ အနီးကပ်ရှိနေတဲ့ ခံစားချက်မျိုးကို ရရှိစေချင်လို့ပါလို့ ပြောကြားခဲ့ပါတယ်။
0 comments:
Post a Comment