Powered by Blogger.

Executive Master in Leadership, Strategy & Innovation အတွက် Study Grant များရရှိနိုင်


သြစတြေးလျတက္ကသိုလ်တစ်ခုဖြစ်သည့် Murdoch University, Australia   မှပေးအပ်ချီးမြှင့်သောExecutive Master in Leadership, Strategy & Innovation တက်ရောက်ရန်အတွက် Nanyeng International College တွင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်းနှင့် ဧပြီလ ၂၄ရက်နေ့ ညနေ (၄)နာရီတွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဝင်ခွင့်လျှောက်လွှာ တင်သွင်းသူများအနေဖြင့် ဝင်ခွင့်ဖြေဆိုမှုကို ဧပြီလ ၂၈ ရက်နေ့၊ နေ့ခင်း (၃)နာရီမှ ညနေ (၅)နာရီအတွင်း ဖြေဆိုကြရမည်ဖြစ်ပြီး ဝင်ခွင့်အောင်စာရင်းကိုတော့ ဧပြီလ ၃၀ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ဝင်ခွင့်အောင်မြင်သူများအနေဖြင့် မေလ ၆ရက်၊ တနင်္ဂနွေနေ့တွင် တွင် စတင် တက်ရောက်နိုင်မည်ဖြစ်သည်။

Master of Business Administration (MBA) နှင့် Executive Master Degree များအကြား ကွာခြားပုံနှင့် ဝင်ခွင့်စာမေးပွဲအကြောင်းနှင့် ပတ်သက်၍ မေးမြန်းဖြစ်ခဲ့ရာ “Master Degree ဝင်ခွင့်တွေက Qualification Level ပေါ်မှာ အဓိကထား စစ်ဆေးကြတယ်။ Executive Master Degree ပိုင်းမှာကတော့ Qualification + Working Experience ပေါ့။ လုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့လည်း ဆက်စပ်ပြီး မေးလေ့ရှိပါတယ်။ လုပ်ငန်းခွင်အတွေ့အကြုံရှိပြီးသား သူတွေအတွက်တော့ ဒီဝင်ခွင့်စာမေးပွဲက အခက်အခဲမရှိနိုင်ပါဘူး။” ဟု NIC မှ ကျောင်းအုပ်ဖြစ်သူ ဒေါက်တာ ဝင်းမင်းသိမ်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဝင်ခွင့်အောင်မြင်သူများအနက်မှ ၁၀ ဦးအား Murdoch University, Australia နှင့် NIC တို့ပူးပေါင်း၍ Study Grant အနေဖြင့် ကန်ဒေါ်လာ $3000 (၁၀ ဆု) ကို အပ်နှင်းဖို့ရာ အစီအစဉ်ရှိကြောင်း၊ အသေးစိတ်သိရှိလိုပါက ဖုန်း 09-950492030, 09-950492040 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။




Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment