Powered by Blogger.

တိရစ္ဆာန်ခေါင်းပုံစံ အစစ်တွေလို့ထင်ရတဲ့ ဂျပန်ပညာရှင်ရဲ့ လက်ရာမြောက် ခေါင်းစွပ်မျက်နှာဖုံးတွေ



 ဂျပန်နိုင်ငံက Kamonohashizokei (Platypus Modeling) ဖန်တီးထားတဲ့ ခေါင်းစွပ်မျက်နှာဖုံးတွေကိုတော့ တွေ့တဲ့သူတိုင်းက ဝတ်ဆင်သွားချင်မယ့် ဆန္ဒတွေ ဖြစ်ပေါ်နေကြပါတယ်။

တကယ့် တိရစ္ဆာန်ခေါင်းပုံတွေနဲ့ ဆင်တူတဲ့ ခေါင်းစွပ်တွေကိုတော့ ဂျပန်နိုင်ငံကလူငယ်တွေ အတော်များများက အကြိုက်တွေ့နေကြပြီး လူတွေကတောင်သူတို့ခေါင်းစွပ်တွေကို တကယ့်အစစ်တွေလို့ ထင်မှတ်နေကြတယ်လို့သိရပါတယ်။

Kamonohashizokei ရဲ့ ဖန်တီးမှုတွေဟာ ရုပ်ရှင်ရိုက်ကူးမှုတွေမှာ အရမ်းကို အောင်မြင်လျက်ရှိပြီး ရုပ်ရှင်အတော်များများမှာလည်း သူ့ရဲ့ လက်ရာတွေကို ဝယ်ယူအသုံးပြုပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လက်ရာမြောက်တဲ့ ခေါင်းစွပ်မျက်နှာဖုံးတွေကိုတော့ ဈေးပေါပေါနဲ့ ရမယ်တော့ မထင်လိုက်ပါနဲ့။ ယန်း ၂၆၄၀၀၀ ကနေ ၂၈၆၂၀၀ အထိပေါက်ဈေးရှိပြီး ဒေါ်လာနဲ့ဆို ၂၄၆၈-၂၆၇၀ ဒေါ်လာကြားအထိ ရှိပါတယ်။

ခြင်္သေ့ထီး ၊ ခြင်္သေ့မ ၊ ဟက်စကီးခွေး ၊ ကြောင် ၊ မြေခွေးခေါင်းတွေလို ပုံစံတွေကနေ သိုးခေါင်းပုံစံအထိ ပါဝင်ပါတယ်။

အခုလို ခေါင်းစွပ်တွေကတော့ ပုံတွေမှာမြင်ရတဲ့ လက်ရာမြောက်တာကတော့ တကယ် သက်သေပါပဲ။


Bruce

#knowledge.thithtoolwin.com

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment