Powered by Blogger.

မြန်မာငွေ သိန်း ၁၅၀ ဝန်းကျင် တန်ဖိုးရှိတဲ့ စမတ် toilet



ကိုယ့်အိမ်က ရေချိုးခန်းတွေ ၊ အိမ်သာတွေဆိုတာ နည်းပညာနဲ့ ပတ်သက်တဲ့ အဆောင်အယောင်တွေ အကင်းမဲ့ဆုံးနေရာတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီလိုနေရာကို နည်းပညာ စမတ်ပစ္စည်းတွေနဲ့ ထိုးဖောက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံက အစပြုနေပါပြီ။ Toto Neorest NX2 ဆိုတဲ့ စမတ်ဘိုထိုင်အိမ်သာလေးဆိုရင်တော့ လောလောဆယ်ဂျပန်နိုင်ငံမှာ နာမည်ကြီးနေပါတယ်။

နာမည်ကျော် Toto ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ ဒီစမတ်ဘိုထိုင်အိမ်သာလေးကတော့ ကိုယ် ကိုယ်တိုင် ဘာတစ်ခုမှ လုပ်စရာမလိုပဲ  အိမ်သာရေဆွဲချသွားတွေ အပါအဝင် ၊ ကိုယ့်ရဲ့ ပစ္စည်းတွေကို အလိုအလျောက် သန့်ရှင်းပေးတာတွေ ပြုလုပ်သွားပေးမှာပါ။ သင့်ရဲ့ အညစ်အကြေးထွက်ပေါက်တွေကို သန့်ပြန့်တဲ့ ရေပန်းတွေနဲ့ အလိုအလျောက်ဆေးပေးသွားမှာဖြစ်ပြီး ကိုယ့်ဖင်ထိုင်မယ့် ဘိုထိုင်ထိုင်ခုံကိုလည်း ဘက်တီးရီးယားတွေ ကင်းနေစေဖို့အတွက် အပူပေးစနစ်နဲ့ အလုပ်လုပ်ပေးထာားပါတယ်။ ကိုယ့်အရေးဖြေရှင်းနေတဲ့အချိန်မှာလည်း အနံ့ဆိုးတွေ ဖယ်ရှားပေးဖို့ အနံ့ကောင်းလေးတွေကို deodorizer က ထုတ်လုပ်ပေးပါသေးတယ်။

ကိုယ့်ကိစ္စအစကနေ အဆုံးအထိ ဘာမှ လုပ်စရာမလိုဘဲ ၊ ကိုယ့်ကို ရေဆေးလိုက်တဲ့ နေရာကို ပြန်လည်အခြောက်ခံပေးဖို့အတွက် dryer စနစ်တောင် ပါပါသေးတယ်။ NX2 မှာတော့ ဘက်တီးရီးယားတွေကို သေစေတဲ့ ionized ပြုလုပ်ထားတဲ့ ရေကို ထည့်သွင်း အသုံးပြုထားပါတယ်။ လူက toilet နားရောက်လာတာနဲ့ အဖုံးက အလိုအလျောက်ပွင့်မှာဖြစ်ပြီး ၊ ကိစ္စပြီးလို့ ပြန်ထသွားရင်တော့ အဖုံးက ပြန်ပိတ်သွားမှာပါ။ အဖုံးပိတ်ချိန်မှာတော့ UV ဓာတ်ရောင်ခြည်နဲ့ ဘက်တီးရီးယားတွေ အညစ်အကြေးတွေကို သတ်ပေးနေမှာဖြစ်ပါတယ်။

ဒေါ်လာ ၁၁၀၀၀ နဲ့ အခုလို ဇိမ်ခံ စမတ် toilet ကို ဝယ်ယူနိုင်မှာဖြစ်ပြီး မြန်မာငွေနဲ့ဆိုရင်တော့ အိမ်သာအတွက်သိန်း ၁၅၀ ဝန်းကျင်အထိ တန်ဖိုးပေါက်ဈေးရှိနေတယ်လို့ ပြောလို့ရပါတယ်။ အဆင့်မြှင့် ဇိမ်ခံ စမတ်အိမ်သာကိုတော့အောက်က ဗီဒီယိုမှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။




Bruce

#knowledge.thithtoolwin.com

Ref : Odd

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment