Powered by Blogger.

အနက်ရောင်မကြိုက်လို့ နိုင်ငံတွင်းမှာ အနက်ရောင်ကားတွေ ပေးမစီးတော့တဲ့ တာ့ခ်မင်နစ္စတန်သမ္မတ



၂၀၁၈ မှာတော့ တာ့ခ်မင်နစ္စတန်နိုင်ငံမှာ ကားအနက်ရောင်တွေကို တွေ့မြင်ရဖွယ်မရှိတော့ပါဘူး။

အက်ရှ်ဂါဘတ်မြို့မှာတော့ အနက်ရောင်ကားတွေကို တားမြစ်မယ်လို့ ပြီးခဲ့တဲ့ new year ည က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ကားအနက်ရောင်ပိုင်ရှင်တွေကို ရဲတွေက သူတို့ဆီလာရောက်အပ်နှံဖို့
ညွှန်ကြားထားပြီဖြစ်ပါတယ်။ သူတို့ရဲ့ကားတွေကို အရောင်ပြောင်းပြီး ဆေးမှုတ်မယ်ဆိုရင်တော့ ဆက်စီးခွင့်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို ညွှန်ကြားထားပြီးတဲ့နောက်မှာတော့ ရဲတွေက ကားတွေကို လိုက်လံစစ်ဆေးမှုတွေပြုလုပ်လျက်ရှိနေပြီးတွေ့တဲ့အခါမှာတော့ သတိပေးမှုတွေ ပြုလုပ်ကာ ကားအရောင်ပြောင်းဖို့ ညွှန်ကြားလျက်ရှိနေတယ်လို့ သိရပါတယ်။

ဒီလို ဖြစ်တာကတော့ ကောက်ခါ ငင်ခါပြုလုပ်လိုက်တာမဟုတ်ဘဲ ၂၀၁၅ ခုနှစ်တည်းက သူတို့နိုင်ငံကို အနက်ရောင်ကားတွေ တင်သွင်းမှုကို ပိတ်ပင်ထားခဲ့တာပါ။ သမ္မတကလည်း အနက်ရောင်ကို ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့်အခုအချိန်မှာတော့ အနက်ရောင်ကားတွေကို ပိတ်ထားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ Berdymukhammedov ရဲ့ ဆုံးဖြတ်ချက်ကိုတော့ အနက်ရောင်ကားပိုင်ရှင်တွေက မကျေနပ်ဖြစ်နေတယ်လို့သိရပါတယ်။

Bruce

#knowledge.thithtoolwin.com

 Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment