Powered by Blogger.

တရုတ်နိုင်ငံမှာ နာမည်ကြီးနေတဲ့သစ်ရွက်ခြောက်ထောင်ကျော်နဲ့ အချိန်ခြောက်လကြာယူပြီး ဖန်တီးထားတဲ့ဝတ်စုံ



တရုတ် အရှေ့ပိုင်းက  University of Hefei က ကျောင်းသားတစ်စုကတော့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဝတ်စုံတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

ထူးခြားချက်ကတော့ သူတို့ဟာ ဒီဝတ်စုံတစ်ခုလုံးကို သစ်ရွက်တွေကို အသုံးပြုပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ ကျောင်းသားလေးယောက် ဖန်တီးခဲ့တဲ့ ဒီဝတ်စုံကတော့ တရုတ်နိုင်ငံမှာ နာမည်ကြီးနေပြီး အခုလို စိတ်ကူးကောင်းတဲ့ ကျောင်းသားလေးတွေကိုတော့ ချီးကျူးမှုတွေ ပြုလုပ်နေကြပါတယ်။



“Animal and Plant Specimen Contest”  အတွက် ဒီဝတ်စုံကို ဖန်တီးဖို့ လွန်ခဲ့တဲ့ ခြောက်လတည်းက ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူနှစ်ယောက်က စိတ်ကူးရခဲ့ပြီး လက်တွေ့ ပြုလုပ်ခဲ့တာပါ။



တရုတ်နိုင်ငံရဲ့ နာမည်ကျော် မင်းသမီး Fan BingBing ရဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံနဲ့ ပုံစံတူပြီး ထူးခြားချက်က အားလုံးက သစ်ရွက်တွေနဲ့ ဖန်တီးထားတဲ့ အချက်ပါပဲ။ ဝတ်စုံမှာပါဝင်တဲ့ သစ်ရွက်တွေကို ကျောင်းဝန်းတွင်းမှာ အလွယ်တကူရနိုင်သလို သူတို့ လိုချင်တဲ့ တံတိုင်းမွှေးရွက်တွေကိုတော့ Tianzhu တောင်ပေါ်တက်ပြီး ခူးကာ စုဆောင်းခဲ့ရတယ်လို့ သိရပါတယ်။



စုဆောင်းရရှိလာတဲ့ သစ်ရွက်တွေကိုတော့ အယ်လ်ကာလိုင်းနဲ့ ဆိုဒီယမ်ကာဘွန်နိတ်အရည်စိမ်ပြီး သစ်ရွက်အရိုးတွေကို အရွက်တွေ ပျက်စီးစေခြင်းမရှိဘဲ တစ်ရွက်ချင်းဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။



ကျန်တော့တဲ့ ရွက်ဖတ်တွေကိုတော့ တစ်ရွက်ချင်း အနုစိတ်ပုံဖော်မှုတွေ ၊ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီး ဒီဝတ်စုံအတွကက် အချိန်ခြောက်လကြာယူခဲ့ရတာပါ။ အခုလို စိတ်ရှည်ရှည်နဲ့ ကြိုးစားခဲ့တဲ့ ကျောင်းသားလေးယောက်ရဲ့ ကြိုးစားမှုကြောင့် အခုဆိုရင် တစ်နိုင်ငံလုံးက အသိအမှတ်ပြုရတဲ့ ဝတ်စုံတစ်ခုဖြစ်လာခဲ့ပါပြီ။

Jackie

#knowledge.thithtoolwin.com

Ref : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment