Powered by Blogger.

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများအတွက် SQA မှချီးမြှင့်သော Higher National Diploma - HND in Business ကို NIC စတင်မိတ်ဆက်


တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်၍ Higher National Diploma ပညာရေးအစီအစဉ်ကို Nanyeng International College - NIC က စတင်မိတ်ဆက်လိုက်ပြီလို့ သတင်းရရှိပါတယ်။ ယင်း Diploma ကို ၁၈ လကြာ တက်ရောက်ရမည်ဖြစ်ပြီး စကော့တလန်အခြေစိုက် Scottish Qualification Authority (SQA) ပညာရေးဘုတ်အဖွဲ့၏ ကြပ်မတ်မှုဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ Diploma in HND ကို တက်ရောက်အောင်မြင်ပြီးက နောက်ထပ် တစ်နှစ်ကြာ Bachelor in Business Management ကို SQA Qualification ကို အသိအမှတ်ပြုသော နိုင်ငံခြား တက္ကသိုလ်များတွင် ဆက်လက် ကက်ရာက်နိုင်ကြောင်း နှင့်
မြန်မာနိုင်ငံတွင်သာ တက်ရောက်လိုပါကလည်း NIC တွင် ဆက်လက်တက်ရောက်နိုင်ရန်  ကြိုတင်ပြင်ဆင်ထားသည်ဟု လည်း သိရသည်။

ဤ HND in Business - (SQA, UK) ကိုတက်ရောက်ရာတွင်မည်သည့်အခက်အခဲမှ မရှိစေရန် University Foundation Program ကို NIC တွင် ဧပြီလ (၂၆) ရက်နေ့ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ဧပြီလ (၁၁) ရက် မတိုင်ခင် စာရင်းပေးသွင်းပါက Discount 200,000 အစီအစဉ်လည်း ရှိကြောင်း NIC ၏ ကျောင်းအုပ်ဖြစ်သူ ဒေါက်တာ ဝင်းမင်းသိမ်းက ပြောကြားခဲ့သည်။ University Foundation Program တွင် Management & Effective Leadership, English for Youth, Fundamentals of Information Technology, Business Communication , Principles of Marketing, Field Trip (or) Self Study, Presentation and Assignment Writing Skills စသည့် ဘာသာရပ်များကို ဦးစားပေးသင်ကြားပေး သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။


SQA သည် နှစ်ပေါင်း ၁၀၀ကျော် ပညာရေးဝန်ဆောင်မှုအတွေ့အကြုံနှင့်အတူ နိုင်ငံတကာမှ အစိုးရအဖွဲ့အစည်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ၊ ကျောင်းများ၊ လုပ်ငန်းနယ်ပယ်များနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ သက်တမ်းရှိပြီဖြစ်ပြီး ပညာရေး ဝန်ဆောင်မှုများကို အပြည့်အစုံပေးအပ်နိုင်သော ပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။

Higher National Diploma in Business (SQA) ကို တက်ရောက်အောင်မြင်ခြင်းသည် အင်္ဂလန်တက္ကသိုလ်တွင် ပထမနှစ် နှင့် ဒုတိယနှစ် ပညာရေးကို တက်ရောက်အောင်မြင်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု သိရသည်။




Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment