Powered by Blogger.

UP ဇာတ်ကားထဲကလို ဟီလီယမ်ကပူဖောင်းတွေနဲ့ ရွက်လွင့်မယ့် အမျိုးသား



၂၀၀၉ ခုနှစ်တုန်း Pixar Animation ကနေ ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ UP ဇာတ်ကားထဲက အဘိုးကြီးလို လူတစ်ယောက်ကတော့ အပြင်မှာ ပေါ်ပေါက်လာပါပြီ။

ဟီလီယမ်ဘောလုံးရောင်စုံတွေနဲ့ အတူ အမြင့်ပေ ၈၀၀၀ လောက်ကနေ ရွက်လွှင့်မှာပါ။ ဘရစ္စတိုးလ်မြို့က စွန့်စားသူ အမျိုးသားကတော့ ပရဟိတ ရန်ပုံငွေ ရှာဖွေရေးအနေနဲ့ အခုလို စွန့်စားမှု ပြုလုပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း အခုလို စွန့်စားမှုတွေကို ပြုလုပ်ရာကနေ The Adventurists အဖွဲ့အစည်းဟာ ရန်ပုံငွေ ပေါင်ငါးသန်း အထိ ရှာဖွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။



ဟီလီယမ် ဘောလုံး ၁၀၀ ကို အသုံးပြုပြီး စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့တာကြောင့် သုံးရက်ကြာ ရွက်လွှင့်မယ့် အစီအစဉ်ကို အတည်ပြုလိုက်တာပါ။ ခရီး ၂၅ ကီလိုမီတာလောက်အထိ သူတို့ စမ်းသပ်ပျံသန်းတဲ့ နှစ်နာရီအတွင်းမှာရောက်ရှိခဲ့ပြီး တောင်အာဖရိကမှာ အခုလို သုံးရက်ကြာ ပျံသန်းမှုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။



ပျံသန်းမှုကိုတော့ သုံးယောက်လောက်အထိ အဖွဲ့လိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီပျံသန်းမှုဟာ အရမ်းကို အေးချမ်းပြီး ကြောက်စရာနဲ့ ကျေနပ်စရာကြားက ခံစားချက်တစ်ခုကို ရရှိခဲ့တယ်လို့ ပါဝင်ပျံသန်းခဲ့သူ မော်ဂန်က ပြောကြားခဲ့ပါတယ်။

အစမ်းပျံသန်းမှုပြုလုပ်ခဲ့တဲ့ ဗီဒီယိုကိုတော့ အောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။



Jackie

#knowledge.thithtoolwin.com

Ref : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment