Powered by Blogger.

ကလေးတွေကို ဆေးလိပ်တွေ စိတ်ကြိုက်သောက်ခွင့်ပေးထားတဲ့ ပေါ်တူဂီနိုင်ငံက Epiphany ပွဲတော်



ပေါ်တူဂီနိုင်ငံက Vale de Salgueiro ရွာမှာတော့ ဇန်နဝါရီလခြောက်ရက်နေ့မှာ Epiphany ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ Epiphany ပွဲကတော့ "ဘုရင်ကြီးသုံးပါးရဲ့ စားသောက်ပွဲကြီး" လို့ အဓိပ္ပာယ်ရပြီး ကိတ်မုန့်တွေဆိုပြီး carols တွေကို သီဆိုကျင်းပလေ့ရှိကြပါတယ်။ ဒီပွဲမှာ ထူးခြားမှုတစ်ခုအနေနဲ့တော့ ကလေးတွေကိုလည်း ဆေးလိပ်တွေ အတားအဆီးမရှိပေးသောက်တာဖြစ်ပြီး မိဘတွေကအစ ဒါကို ကောင်းကောင်းခွင့်ပြုထားတာပါ။

ဆေးလိပ်နဲ့ ဆေးခြောက်မှီဝဲခွင့်ကို အသက် ၁၈ နှစ်ရောက်မှ စတင်သုံးစွဲခွင့်ပြုထားတဲ့ ပေါ်တူဂီနိုင်ငံမှာတော့ ဒါကနည်းနည်းထူးဆန်းနေပြီး ဒါကိုတော့ ဥပဒေအရ ဝင်ရောက်စွက်ဖက်လို့မရဘူးလို့လည်း သိရပါတယ်။

ဓလေ့တစ်ခုလိုဖြစ်နေတာကြောင့် ဝေဖန်သံတွေ ဆူညံနေပေမယ့်လည်း ဒေသခံတွေကတော့ သူတို့ဆေးလိပ်သောက်တာဟာ အငွေ့တွေကို မရှိုက်ဘဲ ဒီတိုင်းသာ ပြန်မှုတ်ထုတ်ခြင်းဖြစ်တာကြောင့် ဘာအန္တရာယ်မှ မရှိနိုင်ဘူးလို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။


Beauty

#knowledge.thithtoolwin.com

  Ref : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment