Powered by Blogger.

The Incredibles 2 ပိုစတာသစ်များနှင့် ဇာတ်လမ်းနမူနာသစ်ထွက်ရှိလာ



ပိုစတာ ၃ ခု ထွက်လာခဲ့ပြီးနောက်မှာတော့ Disney•Pixar က ဆောင်းရာသီ အိုလံပစ်ထုတ်လွှင့်စဉ်မှာ ပြသခဲ့တဲ့ The Incredibles 2 ဇာတ်လမ်းနမူနာသစ်ကို အွန်လိုင်းကို ယူဆောင်လာပါပြီ။

Incredibles 2 ဇာတ်ကားထဲမှာ အားလုံးရဲ့အချစ်တော် စူပါဟီးရိုးမိသားစုက ပြန်ရောက်လာပါပြီ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ Bob (အသံသရုပ်ဆောင် Craig T. Nelson) ကို Violet (အသံသရုပ်ဆောင် Sarah Vowell) နှင့် Dash (အသံသရုပ်ဆောင် Huck Milner) တို့နှင့်အတူ သာမန်နေ့စဉ်ဘဝမှာ နေထိုင်ဖို့အတွက် အိမ်မှာထားခဲ့ပြီး Helen (အသံသရုပ်ဆောင် Holly Hunter) က ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားထားမှာပါ။ ဒါက အားလုံးအတွက် ခက်ခဲတဲ့ ပြောင်းလဲမှုဖြစ်ပြီး ပိုပြီးခက်ခဲစေတာကတော့ မိသားစုဝင်တွေက ကလေးလေး Jack-Jack ရဲ့ ထွက်ပေါ်စပြုနေတဲ့ စူပါပါဝါကို သတိမပြုမိသေးတာပါပဲ။ ဗီလိန်အသစ်က ထူးခြားပြောင်မြောက်ပြီး အန္တရာယ်များတဲ့ အကြံကို ကြံစည်လာတဲ့အခါမှာတော့ သူတို့မိသားစုက Frozone (အသံသရုပ်ဆောင် Samuel L. Jackson) နှင့်အတူ နောက်တစ်ကြိမ် လက်တွဲဆောင်ရွက်နိုင်ဖို့ နည်းလမ်းရှာရမှာဖြစ်ပါတယ်။ အားလုံးက Incredibles ဖြစ်နေပေမယ့် အပြောလွယ် အလုပ်ခက်ပါတယ်။

ဇာတ်ပို့ဇာတ်ရံနေရာမှာ ပါဝင်သွားမည့် သရုပ်ဆောင်များကတော့ Bob Odenkirk, Catherine Keener, Jonathan Banks, Sophia Bush, Isabella Rossellini နှင့် Brad Bird တို့ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ စူပါဟီးရိုးကာတွန်းဇာတ်လမ်းရဲ့ နောက်ဆက်တွဲကို Brad Bird ကပဲ ဒါရိုက်တာအနေနှင့် ရိုက်ကူးထားပြီး John Walker နှင့် Nicole Grindle တို့က ထုတ်လုပ်ထားပါတယ်။

Incredibles 2 ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

                        Trailer:
   

RII

#celebrity.thithtoolwin.com

Source: Comingsoon
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment