Powered by Blogger.

အပ်တစ်ချောင်းနဲ့ လိုက်ထိုးပြီး စနောက်ခြင်းခံခဲ့ရတဲ့ ကျောင်းသား ၁၅ ဦး ကြီးမားတဲ့ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရ


ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် တစ်ခုမှာ တက်ရောက်နေတဲ့ ကျောင်းသား ၁၅ ဦးဟာ အခြားကျောင်း သား သူငယ်ချင်း ၂ ဦးရဲ့  အပ် တစ်ချောင်းနဲ့ လိုက်ထိုးမှုကို ခံခဲ့ရပြီးတဲ့နောက်မှာတော့ HIV ပိုးနဲ့ အခြား ကူး စက် ရောဂါတွေ အတွက် ဆေးစစ်ခြင်း ခံယူခဲ့ရပါတယ်။
 ထို ဖြစ်ရပ် နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ က အသက် ၁၄ နှစ် အရွယ် ကျောင်းသား ၂ ဦးကို အပြစ်ရှိသူများ အဖြစ်သတ်မှတ်ထားပြီး ကျောင်းသား ၂ဦး ထဲမှ တစ်ဦး မှာ ပရီးမီးယား လိဂ်မှာ လက်ရှိ ကစားနေ တဲ့ ဘောလုံး သမား တစ် ဦးရဲ့ သားဖြစ်တယ်လို့ သိ ရ ပါ တယ်။
 ဖြစ်စဉ် အစအဆုံး ကတော့ ထို အပြစ်ရှိ သူကျောင်းသား ၂ ဦးဟာ သူတို့ရဲ့  စာသင်ခန်း ထိုင်ခုံမှာ ဂလူးကို့စ် ပမာဏ စစ်ဆေးတဲ့ တစ်ခါသုံး အပ် တစ်ချောင်းကို ရှာဖွေတွေ့ ရှိ ခဲ့ကြပြီး အခြား အတန်းဖော်ကျောင်း သားတွေ ကို ထို အပ်နဲ့ လိုက်ထိုးပြီး စနောက် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကို သိရှိသွားတဲ့ ဆရာတွေ ဟာ ပြည်သူ့ ကျန်းမာရေး ဌာန နဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ တာဖြစ်ပါတယ်။ 
ထိုအပ်နဲ့ အထိုး ခံလိုက် ရတဲ့ ကျောင်းသား ၁၅ ယောက်ကတော့ သွေးထဲက ဗိုင်းရပ်စ်တွေ အတွက် ကြီးမားတဲ့ စစ်ဆေး မှု တွေပြု လုပ်ရမယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ထို အပြစ်ရှိသူကျောင်းသား ၂ဦးကို အရေးမယူ ခဲ့ပေမယ့် ထိုကျောင်း သား ၂ ဦးဟာ ကျောင်း ထုတ်ခံလိုက်ရတယ် လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment