Powered by Blogger.

ဘောနပ်ပေါ်တွင် အမျိုးသမီးတစ်ဦးပါလာသည့်ကားက ဆိုင်တစ်ဆိုင်ကို ဝင်တိုက်


ကားပါကင် ထိုးရန် ကြိုးစားနေစဉ် ကားသမားသည် ဘရိတ်အစား gas pedal ကို နင်းမိခဲ့ကြောင်းကို ဖမ်း ယူ ရရှိမိသော ကင်မရာများမှ သိရှိခဲ့ရပါတယ်။ ကော်လိုရာဒိုရှိ ပီဇာ ဆိုင်တစ်ခုကို ဖြတ်၍ လမ်းလျှောက် သွားသော အမျိုးသမီးအား ကားနှင့် တိုက်မိရာ ကားဘော နပ်ပေါ် ရောက် သွားပြီး ပြတင်းပေါက် မှန်မှ တစ်ဆင့် အဆောက်အဦး အတွင်းထိ ဝင်ရောက်သွားခဲ့ပါတယ်။ 
ကားက ရုတ်တစ်ရက် ဝင်တိုက်လာတာကြောင့် သူမဟာ အလန့်တစ် ကြားဖြင့် ကားဘောနပ်ပေါ် ခုန် တက် မိခဲ့ပါတယ်။ အခြားသော ဒဏ်ရာရတာတော့ မရှိခဲ့ပါ။ ထိုအချိန်တွင် ဖြစ်ပျက်သွားသည်များကို Denver အနီးရှိ Aurora ရှိ Pudge Brothers Pizza Shop အတွင်းမှ ကင်မရာဖြင့် ရိုက်ယူခဲ့ပါတယ်။ ဒေသတွင်း ရုပ်သံလွှင်ဌာနမှ ကားသမားသည် ကားပါကင် ထိုးနေစဉ် ဘရိတ်နှင့် accelerator pedal ကို မှားနင်း ခဲ့ မိကြောင်း ပြောကြားခဲ့ပါတယ်။ ဆိုင်အတွင်းရှိ လူများလည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိခဲ့ပါ။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment