Powered by Blogger.

ပိုင်ရှင်ကို ကယ်ဖို့အတွက် ရဲက ခွေးကို ပစ်သတ်ခဲ့ရ


Ohio ပြည် Delhi မြို့  နယ်တွင် ပြီးခဲ့သော တနင်္ဂနွေနေ့ ညက ခွေးတစ်ကောင်ကို ရဲတွေ ပစ်သတ် ခဲ့ရ ပါတယ်။ Gilcrest လမ်းရှိ အိမ် တစ်အိမ်တွင် အသက် ၂၇နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ၄င်းတို့ အိမ် တွင် မွေးထားသော ခွေးက မီးဖို ခန်းတွင် တိုက်ခိုက်နေတာ ကို ဒေလီမြို့  ရှိ အချက်ပေး ချက်မှတစ်ဆင့် ရဲများက သိခဲ့ရပါတယ်။
ရဲတွေက ခြောက်လန့်တဲ့ အနေဖြင့် သေနတ်ကို ၂ချက်ခန့် ပစ်ဖောက် ခဲ့သော်လည်း ၄င်းခွေးက ပိုင်ရှင်ကို ဆက်လက် တိုက်ခိုက်နေကြောင်း ရဲအရာရှိက ပြောကြားခဲ့ပါတယ်။ အဲ့ အတွက်ကြောင့် ရဲအရာ ရှိ ဟာ သေ နတ်ဖြင့် ပစ်သတ် ခဲ့ရတာ ဖြစ်ပါတယ်။ 
ရဲအရာရှိ အနေဖြင့် အခြားသော အိမ်မွေး တိရိစ္ဆာန် တစ်ကောင် ကို သုံးကာ ခွေးကို တိုက်ခိုက်တာ ရပ်ဖို့ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပါ။ ပိုင်ရှင်ကို ဆေးရုံသို့ ခေါ်သွားခဲ့ရပြီး တနင်္လာနေ့ အထိ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ သူမရဲ့ လက်မောင်းနေ ရာ တွမှာ ဒဏ်ရာ ရရှိခဲ့ပြီး ကုတ်ခြစ် ရာတွေလည်း ရရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားစဉ် ကလေးနှစ်ယောက်နှင့် အရွယ်ရောက်ပြီး အိမ်သား တစ်ယောက်ဟာ အိမ်မှာ ရှိနေခဲ့ပြီး ထို အိမ်သားများ အနေဖြင့် မည်သည့် ဒဏ်ရာ မှ မရရှိခဲ့ကြောင်း ရဲဝန်ထမ်းက ပြောကြားခဲ့ပါတယ်။ 


Credit : http://www.usatoday.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment