Powered by Blogger.

ကားရေဆေးဖို့အတွက် ရေပန်းတွေကို အသုံးပြုခဲ့တဲ့ ကားသမား ဖမ်းဆီးထိန်းသိမ်းခံရ




အင်္ဂလန်နိုင်ငံမှ ကားသမားတစ်ဦးဟာ သူ့ရဲ့ကားကို အများပြည်သူအပန်းဖြေရာနေရာမှာ ရှိတဲ့ရေပန်းတွေအောက်မှာ ကားကိုလှည့်ပတ်မောင်းရင်း ကားကို အခမဲ့ရေဆေးနေတာကို ကင်မရာတွေမှတစ်ဆင့် တွေ့မြင်ခဲ့ရပါသတဲ့။

အင်္ဂလန်, Wakefield မှာ မျက်မြင်သက်သေဟာ ၈နာရီခွဲလောက်က ဗီဒီယိုနဲ့မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။

ကြာသာပတေးနေ့က ငွေရောင် Vaushall Insignia ကားဟာ မြို့လည်ခေါင်က Bullring ပန်းခြံရဲ့ ရေပန်းတွေအောက်မှာ ကားကို လှည့်ပတ်မောင်းနှင်နေခဲ့တာ ဖြစ်ပါတယ်။ 

ရဲကားတွေရဲ့အသံ မကြားခင်အချိန်အထိ ကားကို လှည့်ပတ်မောင်းနေခဲ့တာဖြစ်ပြီး ရဲကားတွေရောက်လာချိန်မှာတော့ ကားမောင်းပြေးသွားပါသတဲ့။

ရဲတွေကတော့ ကားမောင်းသူကို ဖမ်းမိမမိ သတင်းထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပါဘူး။

အများပြည်သူအပန်းဖြေတဲ့ ပန်းခြံနေရာဖြစ်ပြီး လူကြီးလူငယ်မရွေး လာတဲ့နေရာဖြစ်လို့ ဒီလိုကိစ္စမျိုးကို နည်းနည်းမှ  သည်းမခံနိုင်ပါဘူး။ ဒါဟာ လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေပါ။ ကျွန်တော့်အနေနဲ့က ရဲတွေက တာဝန်ယူပြီး ဖြေရှင်းပေးရမယ်လို့လည်း ယူဆပါတယ်” လို့ အင်စပက်တာ Ian William က  Wakefield Express သတင်းဌာနာကို ပြောကြားသွားပါတယ်။

(MTN)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment