Powered by Blogger.

အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ အိတ်အမျိုးအစား ၆ မျိုး




လေးလံတဲ့ ပိုက်ဆံအိတ်တွေနဲ့ အိတွဲကျနေတဲ့ အင်္ကျီအိတ်ကပ်တွေ ၀တ်ဆင်ကိုင်ဆောင်ရတဲ့ ခေတ်တွေကုန်ဆုံးသွားခဲ့ပါပြီ။ ကောင်းမွန်တဲ့အရာတွေက မိန်းကလေးတွေအတွက်ချည်းပဲ မဟုတ်ပါဘူး။ ယောကျာ်းလေးတွေအတွက်လည်း အိတ်တွေဟာ မရှိမဖြစ်လိုအပ်တဲ့ အရာတွေဖြစ်လာပါပြီ။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ သင့်ကိုကြည့်ကောင်းနေစေပြီး ပစ္စည်းအားလုံးကို သယ်ဆောင်သွားနိုင်စေဖို့ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ယောကျာ်းလေးတိုင်းအတွက် ပြည့်စုံလိုက်ဖက်တဲ့ အိတ်ပုံစံဘယ်လိုမျိုးတွေလဲ? နေရာအချိန်မရွေး လိုက်ဖက်မယ့် အိတ်ပုံစံတွေကို ရွေးချယ်ပြသပေးထားပါတယ်။

၁။ ပိတ်ရက်ခရီးထွက်ရန် အိတ်

နာမည်ပေးထားတဲ့အတိုင်းပါပဲ၊ ရုံးပိတ်ရက်အားလပ်ရက်တွေမှာ သယ်ဆောင်ရလွယ်ကူတဲ့ အိတ်အမျိုးအစားလေးဖြစ်ပါတယ်။ စတိုင်လည်းကျပြီး ဗီဒိုထဲကလိုအပ်သမျှပစ္စည်းတွေကို သယ်ဆောင်သွားနိုင်တဲ့ အိတ်ဖြစ်ပါတယ်။

၂။ သားရေအပျော့သား အိတ်

တည်ကြည်ခန့်ညားတဲ့ အမျိုးသားတွေအားလုံးအတွက် ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေနဲ့ တွေ့တဲ့အခါ၊ ကိုယ့်ရဲ့ သူဌေးနဲ့ နေ့လည်စာ ထွက်စားတဲ့အခါ သင့်အနေနဲ့ သားရေအိတ်တစ်လုံးဟာ မရှိမဖြစ်လိုအပ်မှာပဲ ဖြစ်ပါတယ်။

၃။ ရှုံ့ကြိုးအိတ်လုံးရှည်

အားကစားလုပ်တဲ့အခါ ၀တ်ဆင်သမျှအားကစားဝတ်စုံတွေ ထည့်သွင်းသယ်ဆောင် သွားရလေ့ရှိပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဆွဲဆောင်မှုအပြည့်ရှိပြီး တောင့်တင်းခိုင်မာတဲ့ သင့်ရဲ့ကြွက်သားတွေ လိုက်ဖက်ပြီး ပိုမိုပေါ်လွင်အောင် ဖန်တီးပေးနိင်မယ့် အိတ်အမျိုးအစားဖြစ်ပါတယ်။

၎။ ကျောင်းလွယ်အိတ်အမျိုးအစား

လူတိုင်း အမြဲလိုလို အကြိုက်တွေ့ကြတဲ့ အိတ်တွေထဲမှာ ကျောင်းလွယ်အိတ်ပုံစံတွေလည်း ပါပါတယ်။ မြို့ထဲမှာ လျှောက်သွားတဲ့အခါ ကော်ဖီခွက်နဲ့ မုန့်လေးတွေလည်း သယ်ဆောင်သွားလို့ရတဲ့ အိတ်ပုံစံလေးဖြစ်ပါတယ်။

၅။ ဘေးလွယ်အိတ်

ဒါက ကျောင်းလွယ်အိတ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ကွဲပြားတာက အိတ်အရှေ့ဘက်မှာ အိတ်ဖုံးအကြီးကြီးပါတာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး သွားလာတဲ့အခါ သယ်ဆာင်သွားနိုင်ပြီး

၆။ ကျောပိုးအိတ်

နောက်ဆုံးတစ်ခုကတော့ ကျောပိုးအိတ်ပဲ ဖြစ်ပါတယ်။ စနီကာဖိနပ် အလန်းစားနဲ့ လိုက်ဖက်တာကတော့ ကျောပိုးအိတ်ပဲ ဖြစ်ပါတယ်။ စာအုပ်တွေလည်း ထည့်ပြီး သယ်ဆောင်သွားနိုင်ပါတယ်။ လမ်းလျှောက်ထွက်တဲ့အခါမှာပဲ ဖြစ်ဖြစ် အမိုက်စားကျော်ပိုးအိတ်တစ်လုံးကို ရွေးချယ်ဝယ်ထားပြီးပြီဆိုရင်တော့ လူတွေကြားထဲမှာ စတိုင်ကျပေါ်လွင်နေမှာ အသေအချာပါပဲ။

Ref : Menxp
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment