Powered by Blogger.

ကမ္ဘာတစ်လွှားမှ စိတ်ဝင်စားစရာအကောင်းဆုံး လမ်းမကြီးများ (၁)

ကယ်လီဖိုးနီးယားမှ Highway 1, Big Sur လမ်းမကြီး


ခရီးဝေးသွားရတာ နှစ်သက်ပါသလား? ကမ္ဘာာပေါ်မှာ ကားမောင်းပြီး သွားရတဲ့ ပျော်စရာကောင်းတဲ့ ခရီးစဉ်တွေ အများကြီးထဲကမှ ရွေးချယ်စရာတွေ အရမ်းများနေတာလား? ဒီမှာ အလှပဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လမ်းမကြီး တွေကို ရွေးချယ်ပေးထားပါတယ်။

၁။ တောင်အာဖရိကမှ Chapman’s Peak လမ်းမကြီး
ဒီလှပတဲ့ရှုခင်းတွေနဲ့ လမ်းမကြီးဟာ တောင်အာဖရိကရဲ့ အနောက်တောင်ဘက်မှာ ရှိနေတဲ့  Noordoek နဲ့ Hout ပင်လယ်အော်ကြားမှာ ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ မြင့်မားမတ်စောက်တဲ့ တောင်တန်းတွေ၊ အကွေ့အကောက်လမ်းသွယ်တွေ၊ အပန်းဖြေစရာနေရာတွေနဲ့အတူ မျှော်မဆုံးတဲ့မြင်ကွင်းတွေကို တွေ့မြင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

၂။  ကယ်လီဖိုးနီးယားမှ Highway 1, Big Sur လမ်းမကြီး
ig Sur ကမ်းရိုးတန်းမှာ ရှိတဲ့ Highway 1 ဟာ သာယာလှပတဲ့ကမ်းခြေတွေ၊ တောအုပ်တွေ နဲ့အတူ သွယ်တန်းဖြန့်ကျက်ထားတဲ့ ကျောက်ဆောင်ကျောက်ကမ်းပါးတွေနဲ့ အလွန်လှပတဲ့ လမ်းမတစ်ခုဖြစ်ပါတယ်။

၃။ ဟာဝါရီမှ Hana Highway လမ်းမကြီး
Maui ကျွန်းပေါ်မှာရှိတဲ့ Hana Highway လမ်းမကြီးဟာ ရေတံခွန်တွေ၊ ပင်လယ်ပြင်တွေ၊ ၀ါးတောအုပ်တွေ နဲ့ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ လတ်ဆတ်တဲ့သစ်သီးပင်တန်းတွေနဲ့အတူ သာယာလှပတဲ့နိဗ္မာန်ဘုံဆီကို ခေါ်ဆောင်သွားမျာ ဖြစ်ပါတယ်။

၎။ နော်ဝေမှ Atlantic လမ်းမကြီး
အကွေ့အကောက်များကို ဖြတ်သန်းပြီး တံတားရှည်ကြီးများကို ကျော်ဖြတ်ကာ သမုဒယာကြီးရဲ့ရှုခင်းတွေကို ကမ်းခြေတစ်လျှောက် ဝေလငါးတွေ၊ ပင်လယ်ဖျံလေးတွေကို တစ်ဝကြီးတွေ့မြင်နိုင်မှာဖြစ်တဲ့ Kristiansund မြို့နဲ့ Molde မြို့ကြားက လမ်းမကြီးဖြစ်ပါတယ်။

၅။ နယူးဇီလန်မှ Milford လမ်းမကြီး
နယူးဇီလန်ရဲ့ အလှပဆုံးရှုခင်းတွေနဲ့ လမ်းမကြီးဖြစ်ပါတယ်။ Earl တောင်တန်းတွေရဲ့ အရိပ်တွေကျနေတဲ့ မှန်လိုကြည်လင်လှတဲ့ ရေကန်တွေ၊ Chasm ရေတံခွန်နဲ့ Eglihtonတောင်ကြားတွေရဲ့ အလှအပြင် “Lord of the Rings” ဇာတ်ကားထဲက အလှပဆုံးရှုမြော်ခင်းတွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

 နော်ဝေမှ Atlantic လမ်းမကြီး



Ref : Huffingtonpost
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment