Powered by Blogger.
Ha Long Bay အကြောင်း တစေ့တစောင်း
များပြားလှသော မျက်နှာအသွင်အပြင်နှင့် အမျိုးမျိုးသောပုံသဏ္ဍန် အရွယ်အစားရှိသော ကျွှန်းများကိုလည်း Ha Long Bay တွင် တွေ့ ရှိနိုင်ပါတယ်။ အကျယ်အ၀န်းအားဖြင့် ၁၅၅၃ စတုန်ရန်းကီလိုမီတာခန့် ရှိပြီး ကျွန်းပေါင်း ၁၉၆၀ မှ ၂၀၀၀ အပါအ၀င်ဖြစ်ပါတယ်။ ကျွန်း၏အဓိကနေရာမှာ ၃၃၄ စတုန်ရန်းကီလိုမီတာကျယ်ဝန်းပြီး ကျွန်းပေါင်း ၇၇၇ခု ရှိပါတယ်။
အပူပိုင်းဒေသတွင်တည်ရှိကာ ပူပြီး စိုစွတ်တယ့်နွေရာသီနဲ့ ခြောက်သွေ့ သော ဆောင်းရာသီ နှစ်ခုရှိတဲ့ ပင်လယ်အော်လည်း ဖြစ်ပါတယ်။ ပုံသဏ္ဍန်မတူတဲ့ ကျွန်းများဟာ နာမည်အမျိုးမျိုးရှိကြပြီး Voi Islet(Elephant) Gachoi Islet (Fighting Cock) Khi Islet(Monkey)နှင့် Mai Nha Islet(Roof)တို့ဟာ လူသိများပြီး ထင်ရှားပါတယ်။
အချို့ကျွန်းများမှာတော့ တိုက်ကြက်၊တောဆိတ်၊မျောက်များ၊တွားသွားသတ္တ၀ါများနဲ့ အခြားသတ္တ၀ါများ နေထိုင်ကျက်စားကြပါတယ်။ ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသော နေရာများထဲက တစ်ခုဖြစ်ပြီး အားလပ်ရက်ရှည်များတွင် သွားရောက်လေ့လာသင့်သော နေရာတစ်ခုလည်း ဖြစ်ပါတယ်။
(NSD)
Ref : en.wikipedia
Share on Google Plus
About Staff Writer
သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment
0 comments:
Post a Comment