Powered by Blogger.

Nashville က ရေမြောင်းအတွင်းမှာ လေးရက်ကြာ ပိတ်မိနေသူအား ပြန်လည်ကယ်ဆယ်ခဲ့




Nashville မှာ ကယ်ဆယ်ရေးသမားတွေဟာ ဘိလပ်မြေပိုက်ကို ဖျက်စီးပြီး ရေမြောင်းအတွင်း လေးရက်ကြာ ပိတ်မိနေခဲ့သူကို ကယ်ဆယ်ခဲ့ကြပါတယ်။

Brain Williams က သူဟာ သူ့မိသားစုနဲ့အတူ တနင်္ဂနွေနေ့က Centennial Sportsplex မှာ ရှိနေခဲ့ပြီး နေ့လည် ၁၂ နာရီလောက်မှာ ရေမြောင်းအတွင်းက အကူအညီတောင်း အော်နေသံကို ကြားခဲ့ရပါတယ်လေ ပြန်လည်ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ ဖုန်းက ဓါတ်မီးတွေကို သုံးပြီး သူ့ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပိုက်လိုင်းကနေ ၁၀ ပေလောက် အကွာမှာ ရှိနေခဲ့တာပါ” လို့ Willem က WKRN-TV ကို ပြောပြခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ တစ်နာရီကြာအောင် မြေကြီးကို တူးပြီး ကွန်ကရစ်ပိုက်တွေကို ထုခွဲဖျက်စီးပြီး သူ့ကို ကယ်ဆယ်ခဲ့ရတာဖြစ်ပါသတဲ့။

“သူက ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်.. ကျွန်တော်က ဒီအောက်ထဲမှာပဲ အမြဲနေရတော့မယ် ထင်ခဲ့တာလို့ ပြောတယ်။ သူ့ကို ကြည့်ရတာ အရမ်းပျော်နေခဲ့ပါတယ်” လို့ Williams က ဆိုပါတယ်။

Nashville မီးသတ်ဌာနက အရာရှိတွေကတော့ ဒီလူဟာ လေးရက်လောက် Sportsplex တင်းနစ်ကွင်းနားက ရေမြောင်းထဲမှာ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ပြောတာကတော့ ကြာသာပတေးနေ့မှာ အနီးအနားမှာရှိတဲ့ လမ်းကနေတစ်ဆင့် မြောင်းထဲကို မတော်တဆကျသွားခဲ့ပြီး ရေမြောင်းကျဉ်းကျဉ်းလေးထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါသတဲ့။

ကယ်ဆယ်ရေးသမားတွေ ပြောပြချက်အရ သူဟာ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီး ရေငတ်တဲ့ဝေဒနာကိုလည်း ခံစားနေခဲ့ရပါတယ်။ ခုတော့ ပြန်လည်ကုသဖို့အတွက် သူ့ကို TriStar Centennial Medical Center သို့ ပို့ဆောင်ပေးထားပါသတဲ့။

( MTN )

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment