Powered by Blogger.

မေလ ၆ ရက်နေ့မှာ ကျရောက် တဲ့ Saint George နေ့အကြောင်း သိကောင်းစရာများ


Saint George နေ့ကို ဂုဏ်ပြုနေတဲ့ ဗြိတိန် နိုင်ငံ မှ ကလေးငယ်များ

မေလ ၆ ရက်နေ့ (ဒီနေ့) ဟာ နိုင်ငံအသီးသီးမှာ ရှိတဲ့ ခရစ်ယာန် ဘုရားကျောင်း အမျိုးမျိုးတို့က သူတော်စင် Patron Saint အတွက် Saint George နေ့အဖြစ် သတ်မှတ် ဂုဏ်ပြုတဲ့နေ့တစ်နေ့ဖြစ်တယ်လို့ သိရ ပါတယ်။

အမှန်တစ်ကယ်တော့ ခရစ်ယာန် ဘာသာရေး သမိုင်းအရ Saint George နေ့ကို ဧပြီလ ၂၃ ရက်နေ့အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့က တော့ ထိုသူတော်ဝင် Saint George ကွယ်လွန်ခဲ့တဲ့  အေဒီ ၃၀၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Julian ပြက္ကဒိန် ကို အသုံးပြုတဲ့ အရှေ့တိုင်း Orthodux ဘုရားကျောင်းတွေအတွက် ဧပြီလ ၂၃ ရက်နေ့ဟာ Gregorian ပြက္ကဒိန် ထဲမှာတော့ မေလ ၆ ရက်နေ့နဲ့ တူညီနေခဲ့တာဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ Easter ရက်သတ္တပတ်ဟာ Saint George နေ့နဲ့ နီးကပ်နေခဲ့တာ ၊ တိုက်ဆိုင်နေခဲ့တာမျိုးရှိတဲ့အတွက် Saint George နေ့ရဲ့ စားပွဲသောက်ပွဲ ကျင်းပတဲ့နေ့ကို ဧပြီလ ၂၃ ရက်နေ့မှာ မကျင်းပ ဖြစ်တော့တာ ဖြစ်တယ်လို့ လည်းသိရပါတယ်။

အမျိုးသား သူတော်စင်နေ့ အဖြစ် သတ်မှတ်ကျင်းကလေ့ရှိတဲ့ ဗြိတိန် နိုင်ငံမှာတော့ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေတုန်က အင်္ဂလီကန် နဲ့ ကက်သလစ် ပြက္ကဒိန်တွေထဲမှာ တော့ Easter ရက်သတ္တပတ် အပြီးမှာ ကျရောက်တဲ့ တနင်္လာနေ့ကို Saint George နေ့ အဖြစ်သတ်မှတ် ဂုဏ်ပြုလေ့ရှိခဲ့ပါတယ်။

ဗြိတိန်နဲ့ တူညီနေတာကတော့ အရှေ့တိုင်း Orthodux ဘုရားကျောင်းတွေဟာလည်း Easter ရက်သတ္တပတ် အပြီး မှာ ပထမဆုံး ကျရောက်တဲ့တနလာင်္ နေ့ကို Saint George နေ့ (သို့) Monday of Bright Week အဖြစ် သတ်မှတ် ဂုဏ်ပြူခဲ့ကြတယ်လို့ သိရပါတယ်။

Ref : wikipedia

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment