Powered by Blogger.

အသက်ရှည်နည်းက တီဗွီမကြည့်တာပါလို့ဆိုတဲ့ အသက်၁၀၃ နှစ်အရွယ် အဖွားအို




အသက် ၁၀၃ နှစ်ပြည့်သွားပြီဖြစ်တဲ့ ပင်စင်စား အဖွားအို တစ်ယောက်ဟာ သူမရဲ့ အသက်ရှည်စေနည်းဟာ တီဗွီ မကြည့်တာကြောင့် ဖြစ်တယ် လို့ ဆိုလိုက်ပါတယ်။

Fertrude Topsy Hindley ဆိုတဲ့အဖွားအိုဟာ ကမ္ဘာကြီးမှာ အထင်ကရ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် တွေ ပွဲတော်တွေ ကို ကြည့်ရှုခွင့် လွဲချော်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ သူမဟာ တီဗွီ တစ်လုံးမှ မပိုင်ဆိုင်ခဲ့လို့ပါ။

လူနာစောင့် တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေထိုင်ခဲ့တဲ့ Topsy က " ကျွန်မမှာ တီဗွီတစ်လုံးမှ မရှိခဲ့ဖူးပါဘူး။ ကျွန်မဟာ အမြဲတမ်း သက်ကြီးရွယ်အို တွေကို ပြုစုစောင့်ရှောက်နေရတဲ့အတွက် အမြဲတမ်းလှည့်ပတ်သွားနေခဲ့ရပါတယ်။" လို့ဆိုပါတယ်။

သူမ ပြုစုစောင့်ရှောက်ရတဲ့ လူနာတွေအားလုံးနဲ့ သူမရဲ့ သူငယ်ချင်းတွေ အားလုံးမှာတော့ တီဗွီတွေရှိကြပါတယ်။ သူမမှာတော့ တစ်ခါမှာ တီဗွီ မပိုင်ဆိုင်ခဲ့ရပါဘူး။

သူမဟာ လကမ္ဘာ ပေါ် ပထမဆုံးခြေချတဲ့ လူတွေအကြောင်း မသိပါဘူး။၂၀၁၁ ခုနှစ်က ဗြိတိန်တော်ဝင်မင်းသား William နဲ့ Kate Middleton တို့ရဲ့ မင်္ဂလာပွဲကို မသိပါဘူး။ ကမ္ဘာ့ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်ရပ် 9/11 မှာ အသေခံ အကြမ်းဖက်သမားတွေက လေယာဉ်နဲ့ ကမ္ဘာ့စီးပွားရေးစင်တာ ၂ ခုကို တိုက်ခိုက်တာကို သူမမသိခဲ့ပါဘူး။

သူမရဲ့ မိသားစုဝင်တွေကတော့ သူမ တီဗွီ မကြည့်ခဲ့ရတာက သူမကို အသက်ရှည်ဖို့ဖြစ်လာစေတယ်လို့ ဆိုကြပါတယ်။

"သူမဟာ တီဗွီ မကြည့်တဲ့အတွက် သတင်းတွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာမရှိခဲ့ပါဘူး။ သူမ ငယ်ရွယ်စဉ်ကလည်း အခမ်းအနားတွေအကြောင်းသူမမသိခဲ့ရှာပါဘူး။ သူမရဲ့ အိပ်ခန်းထဲမှာတော့ ရေဒီယို တစ်လုံးရှိပြီး သူမဟာ ပြည်တွင်း အသံလွှင့် ဌာနတွေရဲက တင်ဆက်မှုတွေကိုပဲ နားထောင်ဖူးပါတယ်" Topsy ရဲ့ တူတော်စပ်သူ Richard Hindley က ဆိုပါတယ်။

ဗြိတိန်နိုင်ငံ Devon ပြည်နယ် Sid Mouth မြို့က Topsy ဆိုတဲ့ အဖွားအိုရဲ့တီဗွီ မကြည့်တဲ့ နှုန်းထားဟာ ပုပ်ရဟန်းမင်းကြီး Francis ထက်ပ်င သာလွန်နေပါသေးတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment