Powered by Blogger.

ဘေဂျင်းနိုင်ငံမှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်




ဘေဂျင်းမြို့ဟာ ဆေးလိပ်သောက်ခြင်း ကို နေရာတိုင်းမှာ တားမြစ်လိုက်ပါပြီ။ ထို စည်းကမ်းကို ဖောက်ဖျက်တဲ့သူဟာ အွန်လိုင်းမှာ နာမည်တပ် ပြီး အရှက်ခွဲခံရမှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ မှာ ဒီလို ဥပဒေတွေ ပြဋ္ဌာန်းလိုက်ရတဲ့ အကြောင်းအရင်းကတော့ တစ်နှစ်ကို လူဦးရေ တစ်သန်းကျော် ဟာ ဆေးလိပ်သောက်သုံးခြင်းနဲ့ဆိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးနေကြလို့ပဲဖြစ်ပါတယ်။

ဘေဂျင်းနိုင်ငံဟာ အခန်းတွင်း ပြည်သူပိုင်နေရာတွေမှာ ဆေးလိပ်သောက်ခွင့်ကို အဓိက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ရုံးလုပ်ငန်းတွေ၊ ဈေးဝယ်စင်တာ တွေ နဲ့ လေဆိပ်တွေမှာ လုံးဝဆေးလိပ်သောက်ခွင့်မရှိတော့ပါဘူး။

လေဆိပ်မှာရှိတဲ့ ဆေးလိပ်သောက်လို့ရတဲ့ အခန်း ၃ ခန်းကိုလည်း ပိတ်လိုက်ပြီဖြစ်ပြီး အထူးဆေးလိပ်သောက်တဲ့ နေရာတွေကိုတော့ မြို့တော် ရဲ့ ကားမှတ်တိုင်အခု ၆၀၀ မှာ တွဲဖက် တည်ဆောက် တပ်ဆင်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

ထို ဥပဒေကို ချိုးဖောက်တဲ့ ပြည်သူတွေဟာ စတာလင်ပေါင် ၁.၀၅ ကနေ စတာလင်ပေါင် ၂၁ ပေါင် အထိ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒုတိယ အကြိမ်မြောက်ကျူးလွန်သူတွေဆိုရင်တော့ သူတို့ရဲ့ နာမည်နဲ့ ဓါတ်ပုံကို အွန်လိုင်းက တစ်ဆင့် ဖော်ပြပြီး အရှက်ခွဲခံရမှာပါ။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ပြောကြားခဲ့တာကတော့ တရုတ်နိုင်ငံသား သန်း ၃၀၀ ဟာ ဆေးလိပ်သောက်တတ်ကြတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ နှစ်စဉ် အဆုတ်ကင်ဆာရောဂါ နဲ့ လူဦးရေ ၁.၃ သန်း သေဆုံးနေပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment