Powered by Blogger.

ကမ္ဘာ့ အသက်အကြီးဆုံး ကြောင်လေး ကွယ်လွန်ရှာပြီ




ကမ္ဘာ့ အသက်အကြီးဆုံး ကြောင်လေးဟာ ကွယ်လွန်သွားရှာပါပြီ။

Tiffany Two လို့ခေါ်တဲ့ Guinness မှတ်တမ်းဝင် ကြောင်လေးဟာ အသက် ၂၇ နှစ် ၊ ၂ လ နဲ့ ၉ ရက်အကြာ ထိ အသက်ရှင်နေခဲ့ပြီးတဲ့နောက်မှာ အိပ်နေရင်းနဲ့ပဲ ကွယ်လွန်ဆုံးပါးသွားတာဖြစ်ပါတယ်။

Tiffany Two ဟာ သူမရဲ့ နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားသူ ပိုင်ရှင် ရဲ့ နေအိမ် San Diego မြို့ ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပဲ ပိုင်ရှင် အမျိုးသမီးနဲ့ အတူ အိပ်နေရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Sharron Voorhees လို့ခေါ်တဲ့ ကြောင်ပိုင်ရှင် အမျိုးသမီးဟာ Tiffany Two လေး ၆ လသား အရွယ်ကတည်းက အိမ်မွေးတိရိစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ကနေ စတာလင်ပေါင် ၆ ပေါင် နဲ့ ၀ယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"Tiffany ဟာ အမြဲတမ်းကျွန်မရဲ့ ဘေးမှာ အိပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလပိုင်းတွေမှာတော့ သူမဟာ လှေကား အလယ်မှာ အိပ်လေ့ရှိသလို ဧည့်ခန်းထဲက ခွေးရဲ့ pillow-bed ထဲမှာ ၀င်အိပ်တာများပါတယ်။ သူမသေဆုံးတဲ့ညမှာတော့ ကျွန်မရဲ့ နံဘေးမှာ လာအိပ်နေခဲ့တာပါ။ကျွန်မ အရာရာ အဆင်ပြေပါတယ်။" လို့ Sharron က ဆိုပါတယ်။

Sharron ဟာ Tiffany ကို ၁၉၇၀ ကျော်ကာလ တွေမှာ သေဆုံးသွားခဲ့တဲ့ သူမရဲ့ ကြောင် အဟောင်းနာမည်အတိုင်းပဲ ထပ်မံ မှည့်တွင် ထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။

Tiffany Two ဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူမ မသေဆုံးခင် ၇ လခန့် အလို ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာပဲ ကမ္ဘာ့ အသက်အကြီးဆုံး ကြောင်အဖြစ် Guinness ကမ္ဘာ့စံချိန် မှတ်တမ်းထဲ အတင်ခံခဲ့ရတာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment