Powered by Blogger.

အလုပ်များသော သင့်ကြောင့် သင့်ခွေးမှာ စိတ်ကျရောဂါဖြစ်လာစေနိုင်




ယနေ့ခေတ်မှာ ကျွန်ုပ်တို့ဟာ အလုပ်များလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ ခွေးတွေကို သိပ်ပြီး ဂရုမစိုက်နိုင်ကြတော့ပါဘူး။ အဲ့ဒီ့လိုနဲ့ပဲ ကျွန်ုပ်တို့ရဲ့ ခွေးတွေဟာ စိတ်ကျရောဂါရလာကြပါတယ်။

အလုပ်များတဲ့ ခွေးပိုင်ရှင်တွေကြောင့် ခွေးတော်တော်များများဟာ စိတ်ပိုင်းဆိုင်ရာ ကသောင်းကနင်းအခြေအနေနဲ့ နေထိုင်နေကြရပြီး စိတ်ကျရောဂါကို ကုသပေးလိုအပ်ကြောင်း တိမွေးကုဆရာဝန်တွေ ဖော်ပြပေးခဲ့တဲ့ သတင်းထုတ်ပြန်ချက်သစ်တစ်ရပ်အရ သိရပါတယ်။

စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကြမှု၊ နာတာရှည်ရောဂါတွေ ခံစားနေရတဲ့ တိရိစ္ဆာန်အရေအတွက် တော်တော်များလာကြောင်း ဆွစ်ဇလန်ရှိ တိမွေးကုများရဲ့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ “ဒီကနေ့၊ ခွေးတွေဟာ နာတာရှည်ရောဂါစွဲကပ်ပြီးနေထိုင်လာရတာတွေ များလာပါတယ်။

သူတို့ကို စိတ်ကျရောဂါ တိုက်ဖျက်ကုသရေးတွေ လုပ်ပေးဖို့လည်း လိုအပ်တယ်။ ခွေးပိုင်ရှင်တွေဟာ သူတို့အလုပ်များနေတဲ့အတွက် ခွေးတွေရဲ့ ငြိမ်းချမ်းရာကို မသိကြတော့ပါဘူး။” လို့ အမူအကျင့်ဆိုင်ရာ စိတ်ပညာရှင်၊ တိမွေးကုဆရာဝန် Linda Hornisberger က ရှင်းပြခဲ့ပါတယ်။

ခွေးတစ်ကောင်ရဲ့ ၀မ်းနည်းဖွယ် အဖြစ်အပျက်တစ်ခုနဲ့ ယခုလေ့လာတွေ့ရှိချက်ကို မီးမောင်းထိုးပြနိုင်ပါတယ်။ အဲ့ဒီ့ ခွေးရဲ့ပိုင်ရှင်ဟာ ဗြိတိန်ကနေ ဆွစ်ဇလန်ကို ပြောင်းရွှေ့သွားတဲ့ နောက် ဆွစ်ဇလန်ရဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ကို ကျင့်သားရဖို့အတွက် ခွေးလေးဟာ ရုန်းကန်ခဲ့ရပါတယ်။

 ခွေးလေးဟာ စိုးရိမ်ကြောင့်ကျမှုတွေဖြစ်လာပြီး သူ့အရိပ်ကို သူပြန်တိုက်ခိုက်တဲ့အထိ ဖြစ်လာပါတယ်။ ခွေးလေးကို Zurich တိရိစ္ဆာန် ဆေးရုံကနေ ခွေးကုထုံးနဲ့ ကုသမှုလုပ်ပေးခဲ့ပြီးနောက်မှာတော့ ခွေးလေးဟာ သူ့ရဲ့ နဂိုပျော်ရွှင်တဲ့ အခြေအနေကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတော့တယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : independent
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment