Powered by Blogger.

တရုတ်နိုင်ငံ က Piano House အကြောင်းသိကောင်းစရာများ



စန္ဒယား တစ်ခု ရဲ့ ပုံစံ နဲ့ တယော တစ်လက်ရဲ့ ပုံစံ ကို ဗိသုကာ တွေအဖြစ် ဖန်တီး တည်ဆောက်ထားတဲ့ ထို အဆောက်အဦးဟာ တရုတ်နိုင်ငံ Huainan မြို့တော် Shannan မြို့နယ်မှာ တည်ရှိပြီး ၂၀၀၇ ခုနှစ်က မှ စတင်ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီ အဆောက်အဦးရဲ့ နာမည်ကိုတော့ Piano House လို့ အမည်ပေးထားပြီး အခမ်းအနားတွေ ၊ ပွဲတော် တွေ ကျင်းပရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ အဓိက အခမ်းအနားကျင်းပရာ ပြခန်းကတော့ စန္ဒရားပုံစံ အဆောက်အဦး ဖြစ်ပြီး ထို အဆောက်အဦး ရှေ့ ကပ်လျက်က တယော ပုံစံ အဆောက်အဦးကတော့ လှေကား နဲ့ စက်လှေကား တွေတည်ရှိတာဖြစ်ပါတယ်။

ထို အဆောက်အဦးကိုတော့ တရုတ်နိုင်ငံက Hefei နည်းပညာ တက္ကသိုလ် က ဦးဆောင်ပြီး ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပြီး ၅၀း၁ စကေးနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို အဆောက်အဦးရဲ့ ထူးဆန်းတဲ့ ဗိသုကာ အသွင်အပြင်ကြောင့် နိုင်ငံခြားသား အများဆုံး လာရောက်လည်ပတ်ရာ နေရာတစ်ခုလည်း ဖြစ်သလို လက်ထပ်ပြီးကာစ ဇနီးမောင်နှံ တွေ ဟာလည်း ထို အဆောက်အဦးရဲ့ ရှေ့မှာ ဓါတ်ပုံ လာရိုက်လေ့ရှိကြပါတယ်။

ထို အဆောက်အဦးကိုတော့ တရုတ်နိုင်ငံသား ဒေသခံတွေက တရုတ်နိုင်ငံရဲ့ ကဗျာ အဆန်ဆုံး အဆောက်အဦး အဖြစ် သတ်မှတ်ထားကြပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Unusual Places
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment