Powered by Blogger.

ဗီဒီယို ဂိမ်း ဆက်ဆော့နိုင်ရန် ချစ်သူကောင်မလေးကို တားမြစ်ဆေးဝါးတွေ တိုက်ကျွေးခဲ့တဲ့ အမျိုးသား




အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ ဗီဒီယို ဂိမ်း ဆက်ဆော့နိုင်ရန် ချစ်သူကောင်မလေးကို တားမြစ်ဆေးဝါးတွေ တိုက်ကျွေးခဲ့တဲ့ အတွက် ဒဏ်ငွေ ပေးဆောင်ခဲ့ရပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နှစ် သြဂုတ်လမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ထိုပုဂ္ဂိုလ်ရဲ့ ချစ်သူကောင်မလေးဟာ သူ Playstation ဂိမ်း ကစားနေတုန်းမှာ သူ့ရဲ့ အိမ်ကိုရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ ကောင်မလေးက သူ့ကို ဂိမ်း မဆော့ဖို့ ပြောတဲ့အတွက် သူက လက်ဖက်ရည်တစ်ခွက်ဖျော်ကာ ထို လက်ဖက်ရည်ထဲတွင် တားမြစ်မူးယစ်ထုံထိုင်း ဆေး များကို ထည့်သွင်းကာ ကောင်မလေးကို တိုက်ခဲ့ပါတယ်။

သူ့ကောင်မလေးက တားမြစ်မူးယစ်ထုံးထိုင်းဆေး ရဲ့ အရှိန်ကြောင့် အိပ်ပျော်သွားတဲ့အခါမှာမှ သူက ဂိမ်းကို အေးအေးဆေးဆေး ဆက်ဆော့ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ ၊ Caxtrop-Rauxel မြို့မှာရှိတဲ့ တရားရုံးမှာ ထို ပုဂ္ဂိုလ် က "ကျွန်တော် သူမရဲ့ လက်ဖက်ရည်ထဲကို မူးယစ်ထုံထိုင်းဆေး ၄ ၅ စက်ပဲ ချလိုက်တာပါ" လို့ ထွက်ဆိုခဲ့ပါတယ်။

အမှန်တစ်ကယ်မှာတော့ သူ့ရဲ့ ချစ်သူကောင်မလေးဟာ နောက်တစ်နေ့ ညလယ် အထိ အိပ်ပျော်နေခဲ့ပြီးထိုဆေးတွေရဲ့ အကျိုးဆက်အနေနဲ့ သူ့ရဲ့ အလုပ်မှာလည်း လွဲချော်မှု တွေများစွာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထို အမျိုးသားဟာ အဲဒီအချိန်တုန်းက သူလည်း ထိုဆေးဝါးတွေကို သုံးထားတယ်လို့ ၀န်ခံထားပါတယ်။ သူ့ကို တရားရုံးက ဒဏ်ငွေ စတာလင်ပေါင် ၅၀၀ ဒဏ်ရိုက်ခဲ့ပြီး အမျိုးသမီး ကတော့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment