Powered by Blogger.

ဗြိတိန် နိုင်ငံ မှာ ပုရွက်ပျံ သန်းပေါင်းများစွာ ရဲ့ တိုက်ခိုက်မှုကို ခံနေရ




ဗြိတိန် နိုင်ငံဟာ ထူးဆန်းစွာနဲ့ ပုရွက်ပျံ သန်းပေါင်းများစွာ ရဲ့ တိုက်ခိုက်မှု ကို ခံနေရပါတယ်။

ရာပေါင်းများစွာသော ပြည်သူတွေကလည်း လူမှုကွန်ရက်တွေမှာ ထို ပုရွက်ပျံတွေကို အာရုံနောက်တဲ့အကြောင်းတွေကို အမျိုးမျိုးရေးသားဖော်ပြခဲ့ကြပါတယ်။ တီဗွီ အစီအစဉ် ကြေညာသူတစ်ယောက်ဖြစ်တဲ့ Eamonn Holmes ကလည်း "လန်ဒန် မြောက်ပိုင်းက Totteridge မှာ ညနေပိုင်းကို အချိန်ဖြုန်းခဲ့တယ်။ ပုရွက်ပျံတွေနဲ့ လွတ်တဲ့နေရာမရှိပါလား။ ဒီကောင်တွေ သန်းပေါင်းများစွာ ရှိနေတယ်" လို့ ရုပ်သံ အစီအစဉ်က တဆင့် ကြေညာခဲ့ပါတယ်။

အင်းဆက် နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေကတော့ ပူနွေးလွန်းတဲ့ ရာသီဥတု ကို သာ  အပြစ်တင်ဖို့ ဆိုနေပြီး မိုးရွာဖို့အတွက် အခွင့်အရေးမရှိတဲ့အတွက် အတောင်ပါတဲ့ ပုရွက်ဆိတ်တွေဟာ မြေအောက် အသိုက်တွေကနေ တစ်ဆင့် ဝေဟင်ထဲကို ပျံတက်လာပါတယ်။

ထို ပျံတက်လာတဲ့ ပုရွက်ဆိတ်တွေဟာ ပုရွက်ဆိတ် ဘုရင်မတွေ ဖြစ်ကြပြီး သူမတို့ဟာ မိတ်လိုက်ဖို့အတွက် အထီး ပုရွက်ဆိတ်တွေကို လိုက်လံရှာဖွေကြပါတယ်။မိတ်လိုက်ပြီးတဲ့အခါမှာ ဘုရင်မတွေဟာ သူတို့ရဲ့ အတောင်ပံတွေကို အသုံးပြုပြီး မြေပြင်ပေါ်ကိုဆင်းသက်ကာ အသိုက်အသစ် တစ်ခု ဖန်တီးပြီး သူတို့ရဲ့ မျိုးဆက်သစ်တွေကို ဖန်တီးလိုက်ကြပါတယ်။

တောရိုင်းတိရိစ္တာန် ကျွမ်းကျင်သူတွေကတော့ ပြည်သူတွေအနေနဲ့ ထိုပုရွက်ပျံတွေကို မတိုက်ခိုက်ကြဖို့ မှာကြားထားပါတယ်။ ထိုပုရွက်ပျံတွေဟာ လူတွေကို တိုက်ခိုက်ခြင်းမရှိကြပါဘူး။ သူတို့ဟာ ပန်းခြံတွေမှာရှိတဲ့ ပိုးမွှားတွေအားလုံးကို စားပစ်နိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။ ပုရွက်ပျံတွေမှာ အထီးတွေဟာ အမတွေနောက်က လိုက်ကြရပါတယ်။ အထီးတွေဟာ ပိုမို သေးငယ်တဲ့အတွက်ပါ။

ထို ပုရွက်ပျံတွေ ပပျောက်သွားအောင် ရှင်းပစ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ မိုးရွာဖို့ပဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments: