Powered by Blogger.

ကမ္ဘာ့ပထမဆုံး ရွှေ့ပြောင်းသယ်ဆောင်သွားနိုင်မယ့် ကျွန်းစွယ်များ




သင်ဟာ ကိုယ်ပိုင်ကျွန်းစွယ် တစ်ခုကို ပိုင်ဆိုင်ချင်နေပေမယ့်လည်း သင်လိုချင်တဲ့ နေရာမှာ ရှာမတွေ့ဖြစ်နေပါသလား?

အနုပညာရှင်အချို့က ရာဇ၀င်မှာစာတင်နိုင်မယ့် ကမ္ဘာ့ပထမဆုံး ရွှေ့ပြောင်းသယ်ဆောင်သွားနိုင်မယ့်(Portable) ကျွန်းစွယ်တွေကို တည်ဆောက်မယ့် စီမံကိန်းကို ဖော်ပြလိုက်ပါတယ်။ ထိုကျွန်းစွယ်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီပြီး ကိုယ်တိုင် ရေရှည်တည်တံ့ဖို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ထို ကျွန်းစွယ် နဲ့ တွဲရက်တည်ဆောင်ထားတဲ့ အဆင့်မြင့် ဇိမ်ခံ အိမ်တွေမှာတော့ လူသားတွေရဲ့ လိုအပ်ချက်ဖြစ်လာမယ့် ရေကူးကန်တွေ ၊ လှေဆိပ်တွေ နဲ့ အစိမ်းရောင်ရှိတဲ့ သစ်ပင် တွေကိုလည်း စိုက်ပျိုးတည်ဆောက်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Amillarah လို့အမည်ပေးထားတဲ့ သီးသန့်ကျွန်းစွယ်တွေဟာ မော်လ်ဒိုက်ဗ် ၊ မိုင်ယာမီ နဲ့ ဒူဘိုင်းတို့မှာရှိတဲ့ အဆင့်မြင့်နေအိမ်တွေနဲ့ ဆင်တူပြီး Christie's International Real Estate ကုမ္မဏီ နဲ့ ဆောက်လုပ်ရေး အဖွဲ့ Dutch Docklands တို့က စီမံကိန်း ကို ဖန်တီး ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ "ရေပြင်ပေါ်မှာ သီးသန့်ကျွန်းစွယ်တွေ တည်ဆောက်ဖို့ဆိုတဲ့ အခွင့်အရေးဟာ Dutch Dockland ရဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။" လို့ Christie's International Real Estate ကုမ္မဏီ ရဲ့ CEO ဖြစ်သူ Dan Conn က ဆိုထားပါတယ်။

ဒါ့အပြင် ထိုကျွန်းစွယ်တွေကို ၀ယ်ယူမယ့်သူတွေအနေနဲ့ နေအိမ်ရဲ့ အရွယ်အစား ၊ ပုံစံ နဲ့ စတိုင်လ်တွေကို ရွေးချယ်ခွင့်ရမှာဖြစ်ပြီး ထိုကျွန်းစွယ်တွေကတော့ မော်လ်ဒိုက် ၊ ဒူဘိုင်း နဲ့ မိုင်ယာမီ တို့မှာ တည်ရှိမှာဖြစ်ပါတယ်။ ဒီကျွန်းစွယ်တွေရဲ့ ဒီဇိုင်းကိုတော့ နာမည်ကြီး ဟော်လန် ဗိသုကာပညာရှင် Koen Olthuis က ရေးဆွဲဖန်တီးခဲ့တာဖြစ်ပါတယ်။ Dutch Docklands အဖွဲ့ကို ၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ထို ကျွန်းစွယ်တွေကိုတော့ မော်လ်ဒိုက်ဗ်မှာ ၁၀ ခု ၊ မိုင်ယာမီမှာ ၃၀ ခု နဲ့ ဒူဘိုင်းမှာ ၃၃ ခုစသဖြင့် ကျွန်းစွယ်တွေကို တည်ဆောက်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။





( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment