Powered by Blogger.

ဂျပန်နိုင်ငံမှာ နျူကလီးယားစက်ရုံ နဲ့ သိပ်မဝေးတဲ့ မီးတောင်တစ်ခု ပေါက်ကွဲလုနီးပါးဖြစ်နေ




 ဂျပန် နိုင်ငံ မိုးလေ၀သ အဖွဲ့အစည်းက ဂျပန်နိုင်ငံ တောင်ပိုင်းက မြို့တစ်မြို့အနားမှာနေထိုင်သူတွေကို မီးတောင် ပေါက်ကွဲမှု အန္တရာယ်အတွက် ကြိုတင်ကာကွယ်ထားကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

ရေမြေ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ မီးတောင်ပေါက်ကွဲနိုင်ချေ ဟာ အရမ်းကို မြင့်မားနေပါတယ်တဲ့။ ဒါကြောင့် အစိုးရပိုင်း တာဝန်ရှိသူတွေကလည်း Sakurajima မီးတောင်အနီးအနားမှာ ရှိတဲ့ Kagoshima ကမ်းရိုးတန်းမြို့က လူ အယောက်ပေါင်း ၆၀၀,၀၀၀ ယောက်တို့ကို ဒုတိယမြောက် အမြင့်ဆုံး အဆင့် အဖြစ် သတ်မှတ် သတိပေးထားတာပဲ ဖြစ်ပါတယ်။

ပိုပြီး အန္တရာယ်ရှိနေတာက Sakurajima မီးတောင်ဟာ နျူကလီးယား စက်ရုံ တစ်ရုံ နဲ့ ၃၁ မိုင်သာ ဝေးနေတာပါပဲ။ ထို နျူကလီးယား စက်ရုံကိုလည်း ဒီတစ်ပတ်ထဲမှာပဲ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က ဆူနာမီ ငလျင်ဒဏ်ကြောင့် Fukushima နျူကလီးယား စက်ရုံ မတော်တဆ မှုတွေဖြစ်ခဲ့ပြီး နျူကလီးယား စွမ်းအင်သုံး စက်ရုံတွေကို ဂျပန်နိုင်ငံက လည်ပတ်မှု ရပ်နားထားခဲ့ရာမှ ဒီတစ်ပတ်ထဲမှာပဲ ပြန်လည် လည်ပတ်စေခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသားတွေကို အဓိက ဆွဲဆောင်နိုင်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပြီး ၁၁၁၇ မီတာ မြင့်မားတဲ့ Sakurajima မီးတောင်မှာ နောက်ဆုံး အကြိမ် ပေါက်ကွဲမှု ဖြစ်ခဲ့တာကတော့ ၂၀၁၃ ခုနှစ်မှာ ဖြစ်ပြီး အနီးအနားက လူနေထူထပ်တဲ့ဒေသ တွေကို ကျောက်တုံးများ လွင့်စင် ထိခိုက်စေခဲ့ပါတယ်။


ဂျပန်နိုင်ငံဟာ ကမ္ဘာ့ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု အဖြစ်အများဆုံး အဖြစ် မှတ်တမ်းတင်ခံထားရလောက်အောင် မီးတောင်တွေ များပြားလှ တဲ့ နိုင်ငံ လည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကြောက်မက်ဖွယ် အကောင်းဆုံး မီးတောင်ပေါက်ကွဲမှုဟာ လွန်ခဲ့တဲ့ နှစ် ၉၀ ခန့်က ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လူဦးရေ ၆၃ ယောက်အထိ သေဆုံးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment