Powered by Blogger.

ဗြိတိန်နိုင်ငံ ရဲ့ အသေးငယ်ဆုံး ကော်ဖီဆိုင်




ဗြိတိန် နိုင်ငံ မှာ အရွယ်အစား အသေးဆုံး လို့ သတ်မှတ်နိုင်မယ့် ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရိုးရာ အများပြည်သူသုံး ဖုန်းရုံလေးထဲမှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဘာမင်ဂမ်မြို့က ဖုန်းရုံလေးထဲမှာ ဖွင့်လှစ်ထားတဲ့ အသေးစား စီးပွားရေးတစ်ခုဖြစ်တဲ့ Jake ရဲ့ ကော်ဖီရုံဟာ ပြည်သူပိုင်ပစ္စည်းတစ်ခုကို အကျိုးရှိရှိ အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။ အခြားလူတွေလို ဖုန်းရုံကို ဖျက်ဆီးလိုက်တာ မျိုး ၊ မသင့်တော်တဲ့ နည်းလမ်းနဲ့ အသုံးပြုလိုက်တာမျိုး တွေထက်စာ ရင်တော့ များစွာ အကျိုးရှိနေပါတယ်။

ဒါဟာ Thinking outside the Box ဆိုတဲ့ သက်ဆိုင်ရာ ကုမ္မဏီ ရဲ့ ယုံကြည်မှု ကြောင့် အောင်မြင်လာတာလည်း ဖြစ်ပါတယ်။  Thinking outside the Box က ငှားရမ်းအသုံးပြုခွင့်ပေးခဲ့တဲ့အတွက် အများပြည်သူသုံး ဖုန်းရုံတစ်ခုကို ကော်ဖီ ရုံလေးတစ်ခုအဖြစ်အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း Jake က ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ဒီကော်ဖီဆိုင်ပိုင်ရှင် Jake Hollier ဟာ ဖုန်းရုံမှာ ကော်ဖီဆိုင်ဖွင့် တဲ့စီးပွားရေးကို ပထမဆုံးလုပ်ကိုင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေး အောင်မြင်သွားခဲ့ရင်တော့ လိုက်လုပ်မယ့် လူတွေလည်းပေါ်လာနိုင်ပါတယ်။

"ကျွန်တော်မြို့ထဲမှာ တစ်ခုခု ထူးခြားတဲ့ စီးပွားရေးလေး လုပ်ချင်ခဲ့တယ်။ဒါကြောင့် ဖုန်းရုံတွေကိုရွေးချယ်ခဲ့တာပါ။ အနီရောင် ဖုန်းရုံတွေဟာ ဗြိတိန်နိုင်ငံရဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။" လို့ အသက် ၂၃ နှစ်အရွယ် Jake က BBC သတင်းဌာနကို ပြောပြခဲ့ပါတယ်။ အရင်က မြို့တော် ဆေးရုံမှာ ကျန်းမာရေး အကူ လုပ်သားတစ်ယောက်ဖြစ်ခဲ့တဲ့ Jake က ဒီကော်ဖီဆိုင်ကို ဖွင့်နိုင်ဖို့ ၆ လ လောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဗြိတိန် နိုင်ငံ မှာ Jake ရဲ့ ကော်ဖီဆိုင်လိုပဲ ဖုန်းရုံထဲမှာ အလုပ်လုပ်ထားတဲ့ ဆိုင်လေးတွေလည်း ရှိနေပါတယ်။ အဲဒါကတော့ Brighton မြို့မှာရှိတဲ့ Pavilion ပန်းခြံမှာဖြစ်ပြီး တယ်လီဖုန်း ရုံ ၂ ရုံကို ကော်ဖီ နဲ့ ရေခဲမုန့် ရောင်းတဲ့ ဆိုင် အဖြစ်ပြောင်းလဲထားတဲ့ စီးပွားရေးလုပ်ငန်းလေးပဲဖြစ်ပါတယ်။ ထို ဆိုင်ကိုလည်း Thinking of the Box ကုမ္မဏီ က ပိုင်ဆိုင်တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a comment