Powered by Blogger.

ဇနီးသည်ရဲ့ မိတ်ကပ်မပါတဲ့ ရုပ်ကို ပထမဆုံးအကြိမ်မြင်ဖူးပြီးတဲ့နောက် ဇနီးသည်ကို တရားစွဲလိုက်တဲ့ အမျိုးသား




အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ဇနီး အသစ်စက်စက်လေးကို မိတ်ကပ်မပါပဲ ပထမဆုံး မြင်တွေ့လိုက်ရပြီးတဲ့နောက် တရားစွဲဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အယ်လ်ဂျီးရီးယား နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသားဟာ မင်္ဂလာဆောင် အခမ်းအနားပြီးဆုံးပြီးတဲ့နောက်တစ်နေ့ မနက်မှာပဲ အိပ်ရာ နိုးနိုးချင်း ဇနီး အသစ်လေးရဲ့ သဘာဝ အတိုင်း မျက်နှာ အလှ ကို မြင်တွေ့လိုက်ရတဲ့ အခါမှာ ရှော့ခ်ရသွားခဲ့ပါတယ်။

ပထမတုန်းကတော့ ထို အမျိုးသားဟာ သူ့ဘေးမှာ လဲလျောင်းအိပ်စက်နေတာ သူ့မိန်းမ မှန်းမသိခဲ့တဲ့အတွက် သူမကို သူခိုးလို့ စွပ်စွဲ ပြောဆိုပြီးတော့မှ ထို အမျိုးသမီးဟာ သူ ပူပူနွေးနွေး လက်ထပ်ထားတဲ့ သူ့ရဲ့ဇနီးဖြစ်နေတာကို သိသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုတော့ သူဟာ သူ့ရဲ့ဇနီးအသစ်လေးကို လိမ်လည်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှု စတဲ့ ပြစ်မှု တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ Emirates 247 သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ ထိုအမျိုးသားဟာ စတာလင်ပေါင် ၂၀၀၀၀ တိတိ ကို ထိခိုက်နစ်နာကြေး အနေနဲ့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

"သူပြောတာကတော့ သူနဲ့ သူ့ဇနီးတို့ လက်မထပ် ခင်တုန်းက သူ့ဇနီးဟာ အရမ်းလှပပြီး ဆွဲဆောင်မှု ရှိခဲ့ကြောင်း နဲ့နောက်တစ်နေ့မနက် အိပ်ရာနိုးတော့မှ သူ့ဇနီးက မိတ်ကပ်တွေကို ဖျက်လိုက်တဲ့အခါမှာ သူ့အနေနဲ့ တုန်လှုပ်သွားခဲ့ရတာ ဖြစ်တယ်လို့ ထိုအမျိုးသား နဲ့ ရင်းနှီးသူတစ်ဦးက ပြည်တွင်း မီဒီယာ တစ်ခုကို ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment