Powered by Blogger.

လူအယောက် ၅၀ သေဆုံးခဲ့ရတဲ့ တရုတ်နိုင်ငံက ပေါက်ကွဲမှုကြီး




တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှာ ရှိတဲ့ စက်မှုဇုန် ဧရိယာ တစ်ခုအတွင်းမှာ ကြီးမားတဲ့ ပေါက်ကွဲမှု ကြီး ၂ခု ဖြစ်ပြီးတဲ့နောက် သေဆုံးသူ လူဦးရေ ၅၀ ယောက် ၀န်းကျင် ရှိတယ်လို့သိရပါတယ်။

ထို ပေါက်ကွဲမှုကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ အရှေ့မြောက်ဘက် ဆိပ်ကမ်း မြို့တော် ဖြစ်တဲ့ Tianjin မှာ ရှိတဲ့ Toxic ဓါတုဗေဒ စက်ရုံ နဲ့ ဂတ်စ် စက်ရုံ တို့ရှိရာ စက်မှုဇုန်အတွင်းမှာ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ လူအယောက် ၁၀၀၀ ခန့်အနည်းဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ထို ပေါက်ကွဲမှုဟာ တရုတ်နိုင်ငံ စံတော်ချိန် ည ၁၁ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၀ ကီလိုမီတာ ခန့် အကွာက အဆောက်အဦးတွေကို ပါ ပေါက်ကွဲမှုဟာ သက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂတ်စ် စက်ရုံကနေတစ်ဆင့် အခုလို မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးလောင်မှု ရဲ့ မီးတောက်ဟာ ကောင်းကင် အထိ အငွေ့တွေရောက်ပြီး အလွန်ကြီးမားခဲ့ပါတယ်။ ထို ပေါက်ကွဲမှုကနေ တစ်ဆင့် ၂.၃ ရစ်ခ်ျတာစကေးလ် နဲ့ ၂.၉ ရစ်ခ်ျတာ စကေးလ် ရှိတဲ့ ငလျင် ၂ ခုကို လည်း တိုင်းတာမိခဲ့တယ်လို့ Tianjin မြို့ရဲ့ တရုတ် မြေငလျင်ကွန်ရက် စင်တာ မှာ မှတ်တမ်း ရရှိခဲပါတယ်။

ထို မီးလောင်ပေါက်ကွဲမှုကို မီးသတ်ကား ၃၈ စီးခန့်ကာ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာမှာလည်း မီးသတ်သမား ၆ ဦး ဒဏ်ရာ ရခဲ့ပြီး ၂ ဦးပျောက်ဆုံးနေခဲ့တယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရဲ့ သမ္မတ ဖြစ်သူ Hi Jinping ကလည်း ထိုပေါက်ကွဲမှု ဖြစ်ဖြစ်ချင်းပဲ သက်ဆိုင်ရာ အာဏာပိုင်တွေကို အလျင်အမြန်ငြှိမ်းသတ်ဖို့တောင်းဆိုပြီး အရေးပေါ်လုပ်သားတွေကိုလည်း ပြည်သူတွေကို ကယ်တင်ပြီး သူတို့နဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု တွေ ဘေးကင်းတယ်ဆိုတာ သေချာစေဖို့မှာကြားခဲ့တဲ့ အပြင် မီးလောင်မှု ကို ဖြစ်စေခဲ့သူအား သိရှိခဲ့ပါက ပြင်းထန်စွာ အရေးယူမှုာ ဖြစ်တယ် လို့ ကတိပေးပြောဆိုခဲ့ပါသေးတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment