Powered by Blogger.

လွတ်မြောက်နေတဲ့ ကျားကြီးကို Detroit က စက်ရုံဟောင်းတစ်ခုအတွင်းမှာ ပြန်လည်ဖမ်းဆီးရရှိ




Detroit မှ ရဲတပ်ဖွဲ့က မြို့ရဲ့အရှေ့ပိုင်းမှာရှိတဲ့ အသုံးမပြုတော့တဲ့ စက်ရုံဟောင်းထဲမှာ လွတ်မြောက်နေတဲ့ ကျားတစ်ကောင်ကို တွေ့ရှိခဲ့ပြီး အခုတော့ ပြန်လည်ထိန်းသိမ်းထားနိုင်ခဲ့ပြီလို့ အတည်ပြုပြောကြားထားပါတယ်။

ရဲတွေက တနင်္လာနေ့က အင်္ဂလိပ်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့မှ Packard စက်ရုံဟောင်းအတွင်းမှာ ဇာတ်ကားရိုက်ကူးနေစဉ် လွတ်မြောက်သွားတဲ့ ကျားဖြစ်ပြီး ပြန်လည်မဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံပိုင်ရှင်ရဲ့ ပြောရေးဆိုခွင့် ရှိသူအဆိုအရ ဒီရိုက်ကူးရေးအဖွဲ့ကို အဆောက်အဦအတွင်း ရိုက်ကူးခွင့်ပေးခဲ့တာဖြစ်ပေမယ့် တိရိစ္ဆာန်တွေတော့ သယ်ဆောင်လာခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒီရိုက်ကူးရေးအဖွဲ့ဟာ တရားဝင်အသိပေးခြင်းမရှိဘဲ ကျားနဲ့အတူတူ တောကြောင်ရိုင်းတစ်ကောင်၊ ၀ံပုလွေတစ်ကောင်တို့ကို သယ်ဆောင်လာခဲ့တာ ဖြစ်ပါသတဲ့။

Andy Didorosi က သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ကျားဖမ်းနေစဉ် စက်ရုံထဲမှာ ကူညီပေးခဲ့ရပုံကို ပိုစ့်တွေတန်းစီပြီး တင်ထားခဲ့ပါတယ်။

Didorosi တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ လူတစ်ယောက်က ကျားကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ လှေကားထစ်တွေဆီကို ခြောက်လှန့်ခေါ်ဆောင်နေပုံကို တွေ့ရမှာဖြစ်ပါတယ်။
 “ ဒီလိုဖမ်းရတာဟာ ကျွန်တော်တို့ လုပ်ဖူးသမျှတွေထဲမှာ အရူးသွပ်ဆုံးလုပ်ရပ်တစ်ခု လိုပါပဲ” လို့ တစ်ယောက်ကဆိုပါတယ်။

လူတစ်ယောက်က ကျားကို လှောင်အိမ်ထဲဝင်အောင်လုပ်ဖို့ ကြိုးစားနေပြီး မြက်ရိတ်စက်မှာ ပစ္စည်းကရိယာအစုံတပ်ထားတဲ့ လူတစ်ယောက်ကတော့ ကျားကို လှေကားတွေပေါ်ကနေ ဆင်းလာအောင် ကြိုးစားနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ကျားက လှောင်အိမ်ဆီကို အာရုံပြောင်းမသွားဘဲ မြက်ရိတ်စက်ဖွင့်ထားတဲ့အတွက် ဆူညံသံကြောင့် စိတ်အနှောက်အယှက် ဖြစ်နေပုံပါပဲ။ Packard စက်ရုံရဲ့ လုံခြုံရေးတွေကတော့ တနင်္လာနေ့ နေ့လည်ကပဲ ကျားကိုပြန်လည် ဖမ်းဆီးထိန်းသိမ်းပြီးပြီလို့ အတည်ပြုထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment