Powered by Blogger.

အမေရိကန်မရိန်းတပ်က စက်ရုပ်ခွေးတွေကို စတင်အသုံးပြု




ပြီးခဲ့တဲ့တစ်ပတ်က Google ပိုင် Boston Dynamics မှ ဒီဇိုင်းရေးဆွဲထားတဲ့ စက်ရုပ်ခွေးတစ်ကောင်ကို စတင်စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

Virginia ပြည်နယ် Quantio မြို့မှာ အခြေစိုက် ထားတဲ့ Marine Crops မှာ ခြေလေးချောင်းရှိတဲ့ စက်ရုပ်ကို တိုက်ပွဲအမျိုးမျိုးမှာ ကင်းထောက် အဖြစ် အသုံးချခဲ့ပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ထိုစက်ရုပ်ခွေးကလေးနာမည်မှာ Spot ဖြစ်ပြီး အမေရိကန်ရေတပ် အရာရှိတွေရဲ့ ချီးကျူး မှုကိုလည်း ရရှိခဲ့ပါတယ်။

စက်ရုပ်ခွေးရဲ့ တာဝန်တွေကတော့ သစ်တောတွေ ကွင်းပြင်တွေနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာတွေကို သွားရောက်ထောက်လှမ်းရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အန္တရာယ်ရှိအဆောက်အဦးတွေကို မရိန်းတပ်တွေမ၀င်ခင် စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။

Spot ဟာ ထောင့်မှာရှိနေတဲ့ ရန်သူတွေနဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အရာတွေကို ထိုးဖောက်မြင်နိုင်စွမ်းရှိပါတယ်။  Defense Advanced Research Projects Agency ကတော့ "Spot ဟာ တကယ့်စစ်မြေပြင်သုံး စက်ရုပ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် စစ်မြေပြင်သုံး စက်ရုပ်အသစ်တွေအတွက် စဉ်ဆက်မပြတ် အားထုတ်ဖန်တီးမှုပဲ ဇြစ်ပါတယ်" လို့ တရားဝင်ပြောကြားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment