Powered by Blogger.

ဗြိတိန်မှာ ဆေးခြောက်တရားဝင် ရောင်းချရေးကို ပါလီမန်အမတ်တွေ ဆွေးနွေးသွားမည်




ဗြိတိန်ပါလီမန်အမတ်တွေဟာ ဆေးခြောက်ကို ဗြိတိန်နိုင်ငံမှာ တရားဝင်ခွင့်ပြုသင့်၊မသင့်၊ ဈေးဆိုင်တွေမှာ ရောင်းချခွင့်နဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန NHS အတွက် အခွန်ကောက်ခံသင့်၊မသင့် တို့ ကို အဆိုတင်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်အစိုးရပါလီမန် ၀က်ဘ်ဆိုဒ်မှာ အဆိုပြုလွှာတင်သွင်းခဲ့ရာမှာ လူပေါင်း နှစ်သိန်းတစ်သောင်းကျော်က လက်မှတ်ရေးထိုးခဲ့တဲ့အတွက် ပါလီမန်ဟာ ယခုအဆိုကို တင်သွင်းဆွေးနွေးရတော့မှာဖြစ်ပါတယ်။

ဆွေးနွေးမှုကို အောက်တိုဘာ ၁၂ ရက်နေ့ မှာ၊ ပါလီမန်ရဲ့ဒုတိယအကြီးဆုံးခန်းမဖြစ်တဲ့ Westminister Hall မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လေဘာပါတီအမတ် Paul Flynn က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပြီး သူဟာ ဆေးခြောက်ကို ဆေးဖက်ဝင်အသုံးပြုခွင့်ရဖို့ အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြိုးစားခဲ့သူအမတ်တစ်ဦး ဖြစ်ပါတယ်။

အဆိုပါသမိုင်းဝင်ဆွေးနွေးပွဲမှာ ပါလီမန်အမတ်မည်သူမဆို ၀င်ရောက်ဆွေးနွေးခဲ့ရမှာ ဖြစ်ပြီး ဗြိတိန်အစိုးရ ကတော့ တရားမ၀င်မူးယစ်ဆေးအပေါ် အစိုးရရဲ့သဘောထားကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောဖူးပါတယ်။

ဗြိတိန်နိုင်ငံရေးပါတီ Tories က ဆေးခြောက်ဟာ လူ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ မူးယစ်ဆေးဝါးတစ်ခုဖြစ်ကြောင်း သိပ္ပံနည်းကျသက်သေတွေရှိတယ်လို့ ဆိုပြီး အတိုက်အခံပါတီက ကျန်းမာရေးအတွင်းဝန်ကတော့ ဆေးခြောက်ရဲ့အကျိုးကျေးဇူးတွေဟာ အလွန်များပြားပြီး multiple sclerosis ခေါ် အာရုံကြောစနစ်ချို့ ယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားပြောဆိုမှုကစဥ့်ကလျားရောဂါ ကဲ့သို့  ရောဂါအခြေအနေတွေကို အကျိုးဖြစ်စေတယ်လို့ ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment