Powered by Blogger.

မော်တော်ဆိုင်ကယ်ဦးထုပ်အသုံးပြုပြီး ခေါင်းလျှော် ၊ အခြောက်ခံပေးနိုင်တဲ့စက်ကို တရုတ်လူမျိုးတစ်ဦး တီထွင်




သွက်ချာပါဒလိုက်နေတဲ့အဘွားဖြစ်သူတစ်ယောက် ခေါင်းလျှော်ရမှာ အခက်အခဲ တွေ့ နေရပုံကို မြင်တွေ့ ရပြီးနောက် အမျိုးသားတစ်ဦးဟာ အဘွားဖြစ်သူကို ကူညီသန့် ရှင်းပေးဖို့ အတွက် အမိုက်စား တီထွင်မှု တစ်ခုကို လုပ်နိုင်ခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် Chen Gongke ဆိုသူအမျိုးသားဟာ မော်တော်ဆိုင်ကယ်ဦးထုပ်ဟောင်းတစ်လုံးနဲ့  ရေပုံးတစ်ပုံးကို ဆံပင်လျှော်၊အခြောက်ခံပေးမယ့်စက်အဖြစ် ပြောင်းလဲတီထွင်လိုက်ပါတယ်။

အဆိုပါစက်မှာ ရေကို အပူပေးပြီး ခေါင်းကိုလျှော်ဆေး၊အခြောက်ခံပေးဖို့ အတွက် လျှပ်စစ်ဓာတ်အားထိန်းချုပ်ခလုတ်ခုံ ၊ ရေပုံးနှစ်ပုံးနဲ့ မော်တော်ဆိုင်ကယ်ဦးထုပ်တစ်လုံးတို့ ပါဝင်ပါတယ်။

ဒီစက်ဟာ ငါးမိနစ်အတွင်း ခေါင်းလျှော်၊အခြောက်ခံမှုလုပ်ငန်းကို မြန်မြန်ပြီးမြောက်နိုင်တယ်ဆိုပေမယ့် ၊ Chen ဟာ ဒီစက်ဖြစ်လာဖို့ အတွက် ၁၆ နှစ်ကြာ ကလိခဲ့ရပြီး ယခုမော်ဒယ်မရခင်အထိ ဦးထုပ်ပေါင်း ၁၈ လုံးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဘွားဖြစ်သူကို ဒီစက်နဲ့ အကူအညီပေးဖို့ အတွက် Chen တစ်ယောက် အချိန်မီမပြီးစီးနိုင်ခဲ့ပေမယ့်လည်း ဒီစက်ဟာ တခြားလူပေါင်းများစွာကို အကျိုးဖြစ်စေနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Chen ဟာ ယခုစက်ကို သူ့ အဖေနဲ့ စမ်းသပ်ခဲ့ရာမှာ လုံးဝအောင်မြင်မှုရှိခဲ့တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment