Powered by Blogger.

FIFA 15 ဂိမ်းကို ၄၈ နာရီဆက်တိုက်ကစားပြီး ကမ္ဘာ့စံချိန်ချိုးလိုက်တဲ့ အာဆင်နယ်အသင်းပရိတ်သတ်




အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ က Chris Cook ဆိုတဲ့ အာဆင်နယ်အသင်းပရိတ်သတ်တစ်ယောက်ဟာ ၂၀၁၂ ခုနှစ်တုန်းက ကနေဒါလူမျိုး Jordan Bloemen နဲ့ Scott Francis Winder တို့ တင်ထားတဲ့ ကမ္ဘာ့စံချိန်ကို ရိုက်ချိုးလိုက်ပါတယ်။

ကလေးနှစ်ယောက်ဖခင်၊ Chris ဟာ FIFA 15 ဂိမ်းကို ၄၈ နာရီနီးပါး မရပ်မနားကစားပြီး ဘောလုံးဗီဒီယိုဂိမ်းအရှည်ကြာဆုံးဆက်တိုက်ကစားမှုစံချိန်ကို တင်လိုက်တာ ဖြစ်ပါတယ်။

မကြာမီကထွက်ရှိခဲ့တဲ့ FIFA 15 ဂိမ်းကို Gaming Café တစ်ခုမှာ ၄၇ နာရီ၊ ၁၉ မိနစ် နဲ့ ၄၁ စက္ကန့် ဆက်တိုက်ကစားပြီးနောက် Chris Cook ဟာ လာမယ့်အပတ်ထဲ ထွက်ရှိမယ့် Guinness World Records 2016 Gamer’s Edition စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြခံရမှာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် Chris ဟာ လန်ဒန်မြို့ က Loading Bar gaming café မှာ ၂၀၁၂ ခုနှစ်တုန်းက ကနေဒါလူမျိုးနှစ်ယောက်တင်ခဲ့တဲ့ ၄၇ နာရီနဲ့ ငါးမိနစ် စံချိန်ကို ချိုးနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ Chris က

“ ကျွန်တော် ဒီထက်ကြာကြာတောင် ကစားနိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကိုယ့်နောက်မှာတော့ အားပေးမယ့်အဖွဲ့ တစ်ဖွဲ့ တော့ လိုတာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

ရင်းနှီးမြှပ်နှံမှုဝန်ဆောင်ရေးအေးဂျင့်တစ်ဦးဖြစ်သူ Chris Cook ဟာ ကိုယ်အင်္ဂါမသန်မစွမ်းသူတွေ ဗီဒီယို ဂိမ်းကစားနိုင်အောင် ကူညီပေးတဲ့ SpecialEffect ဆိုတဲ့ လူမှုကူညီရေးအသင်းအတွက် ရန်ပုံငွေရှာဖို့ အခုလို စံချိန်ချိုးနိုင်အောင်ကြိုးစားခဲ့တာဖြစ်ပါတယ်။

Chris ဟာ FIFA 2015 ကို X-Box နဲ့ ကစားခဲ့တာဖြစ်ပြီး PlayStation နဲ့ တခြားဂိမ်းစက်တွေထက်စာရင် X-Box ကို ပိုကြိုက်သလို ဟာ FIFA ပထမအခွေကနေ အခုနောက်ဆုံးအခွေထိ အကုန်ကစားဖူးတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment