Powered by Blogger.

နာရီတီထွင်ရာကနေ ဗုံးနဲ့မှားပြီး အဖမ်းခံရတဲ့ လူငယ်ကို Obama နဲ့ Zuckerberg ကြိုဆို




အသက် ၁၄ နှစ်အရွယ် Ahemd Mohamed ဆိုသူ လူငယ်လေး တီထွင်လာတဲ့ နာရီကို သူ့ရဲ့ အတန်းပိုင်ဆရာမက လက်လုပ်ဗုံး လို့ မှတ်ယူပြီး သူ့ကို ရဲ နဲ့ဖမ်းဆီးစေခဲ့ပါတယ်။

ထို လူငယ်လေးရဲ့ သတင်းကို ကြားရတဲ့အခါမှာတော့ အမေရိကန် သမ္မတ Obama က ညစာစားဖို့ အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့ပါတယ်။ ဒါ့အပြင် Facebook ရဲ့ တည်ထောင်သူ Mark Zuckerberg က ထိုလူငယ်လေးကို Facebook ဌာနချုပ် သို့ ဖိတ်ခေါ်လိုက်ပြန်ပါတယ်။

ထို ကျောင်းသားလေးဟာ လက်ထိတ်ခတ် အဖမ်းခံ လိုက်ရပြီး ရဲ ၀န်ထမ်း ၅ ယောက်လောက်က ဖမ်းခေါ်သွားခဲ့ပါတယ်။ ထို လူငယ်လေး ရဲ့ ပြောကြားချက်အရတော့ တက္ကဆက်ပြည်နယ် MacArthur အထက်တန်းကျောင်းက ဆရာမတွေကို သူတီထွင်ထားတာ နာရီ တစ်လုံးသာ ဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့်လည်း ဆရာမတွေက မယုံကြည်ခဲ့ကြဘူးလို့ သိရပါတယ်။

Ahemd ဟာ လောလောဆယ်မှာ ကျောင်းတက်ခွင့် ယာယီ ပိတ်သိမ်းခံထားရပြီး ရဲတွေရဲ့ ပြောကြားချက်အရတော့ သူ့အနေနဲ့ ဘာ အရေးယူမှု မှ ရင်မဆိုင်ရတော့ဘူးလို့ သိရပါတယ်။

Ahemd ရဲ့ ဖခင်ဖြစ်သူ Mohamend Elhassan ကတော့ သူ့ရဲ့ သားကို အခုလို ဖမ်းဆီးခဲ့တာဟာ အစ္စလာမ် ဘာသာဝင်တွေကို ကြောက်တဲ့ အယူဝါဒ တွေရဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

" သူက လူသားတွေအတွက် ကောင်းမွန်တဲ့ အရာတွေကိုတီထွင်ချင်ခဲ့တာပါ။ ဒါပေမယ့် သူ့နာမည်က မိုဟာမက်ဖြစ်နေတဲ့အတွက် ပြီးတော့ ၉ လ ပိုင်း ၁၁ ရက်ဖြစ်နေတဲ့အတွက် ကျွန်တော့်သားကို မှားယွင်းဖမ်းဆီးလိုက်ကြတာပါ" လို့ မစ္စတာ Mohamed က Dallas သတင်းဌာန ကို ပြောပြခဲ့ပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment