Powered by Blogger.

Taylor Swift ရဲ့ မျက်နှာအတိုင်း ၁၂ ဧကကျယ်ဝန်းတဲ့ ပြောင်းခင်းဝင်္ကပါကြီး ပြုလုပ်




Maryland လယ်ကွင်းတစ်ခုမှာ ၁၂ဧကကျယ်ဝန်းတဲ့ ပြောင်းဖူးခင်းဝင်္ကပါကြီးတစ်ခုကို Taylor Swift ရဲ့ မျက်နှာပုံတူအတိုင်း တရားဝင်ထွန်ယက်ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြီးတစ်ခုလုံး ပြီးစီးဖို့ ၂ နာရီကြာပါသတဲ့။

Frederick ခရိုင်မှ နွေရာသီစိုက်ခင်းပိုင်ရှင်တွေဖြစ်တဲ့ Teresa နဲ့ Jeff Greenwood တို့ဟာ သူတို့ရဲ့ ပြောင်းခင်းဝင်္ကပါကြီးအတွက် Swift ကိုရွေးချယ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က Swift ကို ကောင်းမွန်တဲ့စံပြမိန်းကလေး အဖြစ်သတ်မှတ်ထားတာပါတဲ့။

“ကျွန်တော်တို့ Taylor Swift ကို ဘာလို့ရွေးလဲဆိုတော့ သူက လူတော်လူကောင်းတွေကို ကိုယ်စားပြုနိုင်တယ်လို့ ခံစားရလို့ပါ။ သူက လိမ္မာပြီး ရိုးသားတဲ့မိန်းကလေးလေ…သူက လူတွေကို ဆက်ဆံတဲ့နေရာမှာ တကယ်ပဲကောင်းမွန်တဲ့အတွက်ကြောင့်ပါ “ လို့ Jeff Greenwood က WJX-TV ကို ပြောသွားခဲ့ပါတယ်။

နာမည်ကျော် ပေါ့ပ်စတားရဲ့ မျက်နှာပုံပေါ်က ဆောင်ပုဒ်ဖြစ်တဲ့ “ ပြောင်းလဲရဲတယ် “ ဆိုတဲ့ စာသားကို Swift နဲ့အတူတူ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဝင်္ကပါကို ၂နာရီကြာထွန်ယက်ခဲ့ကြပြီး Taylor Swift ရဲ့ မေးခွန်းတိုလေးတွေကို သဲလွန်စအဖြစ်ပေးထားပါသေးတယ်။

“သဲလွန်စတွေအားလုံးက သူနဲ့ပတ်သက်တဲ့အရာတွေပါပဲ။ အဖြေမှန်တွေ ဖြေနိုင်မယ်ဆိုရင် ၀င်္ကပါရဲ့ မှန်ကန်တဲ့ ဦးတည်ချက်ကို ရရှိမှာဖြစ်ပါတယ်။ အဖြေမှားရင်တော့ လမ်းပျောက်နေမှာပေါ့ “ လို့ Jeff Greenwood က ရှင်းပြထားပါသတဲ့။

Swift ကတော့ Instagram မှာ ပြောင်းခင်းဝင်္ကပါပုံကို “ Lawn Goals “ လို့ နာမည်ပေးပြီး တင်ထားခဲ့ပါတယ်။

ဒီဝင်္ကပါကို စက်တင်ဘာလ ၂၆ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး နိုဝင်ဘာလ ၁ရက်နေ့မတိုင်ခင်ထိ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ ရုံးဖွင့်ရက်တွေမှာ ၀င်ခွင့်လက်မှတ် ၈ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ပိတ်ရက်တွေမှာတော့ ၁၂ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment