Powered by Blogger.

အကောင်းမြင်စိတ် အပြည့်ရှိတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုးသမီး




Lizzie Velasquez ဆိုသူအမျိုးသမီးဟာ ရှားပါး ရောဂါ တစ်မျိုးနဲ့ မွေးဖွားလာခဲ့သူဖြစ်ပြီး ထို ရောဂါ ကြောင့် သူမဟာ မျက်လုံး တစ်ဖက် ကန်းသွားကာ သူမကို ကိုယ်အလေးချိန် မတက်လာစေတော့ပဲ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဂန္တ၀င်တွင်မယ့် လုပ်ရပ်တွေကိုတော့ လုပ်ဆောင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အသက် ၂၆ နှစ်အရွယ် Lizzie ဟာ YouTube ပေါ်မှာ လူလေးသန်း ကြည့်ရှုခဲ့တဲ့ သူမအကြောင်း ဗီဒီယိုကို တွေ့လိုက်ရပါတယ်။ အဲဒီဗီဒီယို ရဲ့ ခေါင်းစဉ်နာမည်ကတော့ "ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုးသမီး" ပါ။

ပိုဆိုးတာက ထို ဗီဒီယိုမှာ ကွန်မန့်ပေးသွားကြတဲ့သူတွေပါ။ လူသားချင်းစာနာမှု ကင်းမဲ့စွာ ပြောဆိုခဲ့ကြတဲ့အထဲမှာ တစ်ယောက်က ဆိုရင် "မင်းလူတိုင်းကို ကူညီပေးတဲ့အနေနဲ့ မင်းကိုယ်မင်းသတ်သေပေးပါလား" ဆိုတာမျိုးတွေလည်း ပါဝင်နေပါတယ်။

"ထောင်ပေါင်းများစွာသော ကြောက်စရာ ကောင်းတဲ့ ကွန်မန့်တွေကို ကျွန်မတွေ့ခဲ့ရတယ်။ ကျွန်မမရှိရင် ကမ္ဘာကြီးက ပိုကောင်းသွားမယ်လို့လည်း တွေးမိလာတယ်။ကျွန်မဖတ်လိုက်ရတဲ့ ကွန်မန့်တိုင်းဟာ တစ်ယောက်ယောက် ကွန်ပျူတာစခရင်က တစ်ဆင့် လက်သီးနဲ့ ကျွန်မကို ထိုးလိုက်သလို ခံစားရပါတယ်" လို့ Lizzie က Fox သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၆ နှစ်အရွယ် Lizzie ဟာ ထို အမုန်းတရားတွေအားလုံးကို အကောင်းမြင်စိတ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။

"ကျွန်မ အမြဲတမ်းသိနေခဲ့တဲ့ လူတွေကို ကျွန်မ ပြသချင်တာကတော့ သူတို့ဟာ ကျွန်မကို အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ ကျွန်မအတွက် အမှန်တရားဖြစ်လာအောင် သူတို့ ဖန်တီးထားတာကို ကျွန်မ ရဲ့ အဓိပ္ပာယ်အဖြစ် မသတ်မှတ်ချင်ပါဘူး" လို့ Lizzie က ဆိုပါတယ်။

အခုတော့ သူမဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ခရီးထွက်ပြီး ကလေးတွေ အနိုင်ကျင့်ခြင်းနဲ့ ပတ်သက်ပြီး မိန့်ခွန်းတွေ လိုက်လံ ပြောနေသလို "A Brave Heart: The Lizzie Velasquez story" ဆိုတဲ့ မှတ်တမ်း ရုပ်ရှင် တစ်ခုကိုလည်း ထုတ်လုပ်ဖို့ ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment