Powered by Blogger.

မွေးကာစ ကျားသစ်ပေါက်လေးကို ပါးစပ်ချင်းတေ့ပြီး အသက်ကယ်ခဲ့တဲ့ တိမွေးကု


လျှောမွေးဖြစ်တဲ့ ကျားသစ်ပေါက်လေးကို တိမွေးကု ဆရာဝန်က ပါးစပ်ချင်းတေ့ပြီး အသက်ရှူနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
ကျားသစ်ပေါက်လေးကို အနမ်းပေးခဲ့တဲ့ တိမွေးကု ဆရာဝန် ဒေါက်တာ Patricia Garridoက ကျားသစ်ပေါက်လေးကို Ali လို့ နာမည်ပေးခဲ့ပါတယ်။

Ali ရဲ့ မိခင် Xenaဟာ ကျားလေးတွေကို မွေးပြီးတာနဲ့ စားပစ်နေတာကြောင့် ဗိုက်ခွဲမွေးဖို့အတွက် တိရိစ္ဆာန်ရုံကနေ ခေါ်ထုတ်ခဲ့ရတာပါ။

“သတ္တ၀ါတစ်ကောင် အသက်စရှင်ပြီး ကျွန်တော်တို့ရဲ့ အကူအညီကြောင့် အသက်စရှူတာကို မြင်ရတဲ့ အတွေ့အကြုံက အံ့သြစရာပါပဲ။ ပြောမပြနိုင်လောက်အောင်ပေါ့ဗျာ။” လို့ တိမွေးကု ဆရာဝန် Antonio Rodriguez ကပြောပါတယ်။
ကျားသစ်ပေါက်လေးကို ဗိုက်ခွဲမွေးရာမှာ တိမွေးကု ဆရာဝန်၊ သူနာပြုနဲ့ အကူ အားလုံးပေါင်း ၁၂ယောက် ပါဝင်ခဲ့ပါတယ်။ ကျားသစ်ပေါက် ထီးလေး Ali ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တာတော့ သူတို့အားလုံး စိတ်ချမ်းသာခဲ့ရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment