အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့
Horacio Rodriguez ဆိုသူဟာ နှလုံးစူးအောင့်နေရာမှ ခွဲစိတ်မှုခံယူရာ သွားကြားထိုးတံ တစ်ချောင်းကို
ထူးဆန်းစွာ တွေ့ရှိခဲ့ရပါတယ်။
နှလုံးကို
သွားစိုက်နေတဲ့ သွားကြားထိုးတံကို ဖယ်လိုက်တဲ့အခါမှာတော့ သူဟာ နေပြန်ကောင်းလာတယ်လို့
သိရပါတယ်။
အဲ့ဒီ့သွားကြားထိုးတံဟာ
လွန်ခဲ့တဲ့တစ်နှစ်လောက်က သူ အမှတ်မထင် မြိုချမိခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ ၇နာရီကြာ
ခွဲစိတ်ပေးခဲ့ရတဲ့ ဆရာဝန်တွေကတော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုကို တအံ့တသြဖြစ်လို့နေပါတယ်။
Horacio ဟာ
အဖျားကြီးတာကို အဆုတ်ရောင်တာလို့ မှားယွင်းစစ်ဆေးမိခဲ့ပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ်။
သူ့မှာ နှလုံးပိုးဝင်နေပြီး သွေးအန်ကာ ရင်ဘတ်နားတွေကို ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့ နှလုံးထဲမှာ
မရှိသင့်တာ တစ်ခုခုရှိနေပြီဆိုတာ ခွဲစိတ်ဆရာဝန်တွေက သိခဲ့ပြီး Ferbabdez ဆေးရုံမှာ
နှလုံးကို ခွဲစိတ်ဖို့ ပြုလုပ်ခဲ့တာပါ။
Horacio ဆယ်ကျော်သက်တုန်းက
သွေးကူးပြောင်းခဲ့ရဖူးပြီး သွေးထုတ်ယူတဲ့ ပြွန်သေးတစ်ခု ကျန်နေတာလို့ ဆရာဝန်တွေက ထင်ခဲ့မိပါတယ်။
နှလုံးခွဲစိတ်ရင်း သွားကြားထိုးတံ ရှာတွေ့တယ်ဆိုတာ ရှားရှားပါးပါးပါ။
“Horacio
နေပြန်ကောင်းလာတဲ့အခါ သူ့ထဲမှာ ဘာတွေ့ခဲ့တယ်ဆိုတာ ကျွန်တော် ပြောပြတော့ သူကရယ်တော့တာပဲ။
ပြီးခဲ့တဲ့ နှစ်တုန်းက စားမြိန်တာတွေ သူ အများကြီးစားခဲ့ကြောင်းကို ဝန်ခံခဲ့တယ်။” လို့
နှလုံးအထူးကုဆရာဝန် Fernando Cichero ကပြောခဲ့ပါတယ်။
“ကျွန်တော်
ဘာဖြစ်တယ်ဆိုတာ ဆရာဝန်တွေ သေချာမသိခဲ့တာကြောင့် ကျွန်တော့်မှာ ဆေးရုံကို ခြောက်လလောက်
တက်လိုက် ဆင်းလိုက် လုပ်ခဲ့ရတယ်။” လို့ Horacio ကပြောခဲ့ပါတယ်။
( Skyler
)
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref:
Mirror
0 comments:
Post a Comment