Powered by Blogger.

ဆီးလမ်းကြောင်းကတဆင့် ဆီးအိမ်ထဲကို ဝါယာကြိုးဝင်သွားတဲ့ အမျိုးသား





အမျိုးသားတစ်ယောက် ဆေးရုံလာပြပြီး သူ့ကို ဓာတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါ သူ့ဆီးအိမ်ထဲမှာ သတ္တုဝါယာကြိုး တစ်ခွေရှိနေတာကို သိမြင်ခဲ့ရပါတယ်။

ဆီးအိမ်ထဲကို အမျိုးသားလိင်အင်္ဂါလမ်းကြောင်းက တဆင့် ဝါယာကြိုး ဝင်သွားတဲ့နောက် အဲ့ဒီ့ ရှက်ကြောက်နေတဲ့ အမျိုးသားဟာ ဆေးရုံကို လာရောက်ပြသခဲ့ပါတယ်။

သူ့အသက်က ၂၅နှစ်ပါ။ သူ့ရဲ့ ဓာတ်မှန်ရိုက်ချက်တွေက သူ့ဆီးအိမ်ထဲမှာ ဘာရှိနေတယ်ဆိုတာကို ပြခဲ့ပါတယ်။ တင်ပဆုံ နေရာတစ်ဝိုက် မှာပေါ်နေတဲ့ သတ္တုဝါယာကြိုးခွေကို သဲသဲကွဲကွဲ မြင်နေရပါတယ်။

ဒီအဖြစ်ကတော့ တရုတ်နိုင်ငံတောင်ပိုင်း Jiangxi ပြည်နယ်၊ Nanchang မှာဖြစ်ခဲ့တာပါ။ CT ရိုက်ချက်တွေကို ကြည့်ပြီး ဒါကို ဘယ်လိုဖယ်ထုတ်ရမယ်ဆိုတာကို ဆရာဝန်တွေ တိုင်ပင်နေကြပါတယ်။

သူ့ဆီးအိမ် ပိုးမဝင်ဖို့အတွက်ကို ဝါယာကြိုးကိုဖယ်ဖို့ရာ သူခွဲစိတ်ခံရပါလိမ့်မယ်။

သတ္တုဝါယာကြိုးခွေ ဘယ်လို ဝင်သွားလဲဆိုတာ ပြောပြဖို့ သူက ငြင်းဆန်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က နှလုံးခွဲစိတ်တဲ့အခါ သွားကြားထိုးတံ တွေ့ခဲ့တဲ့ ထူးဆန်းသတင်းလည်း ရှိပါသေးတယ်။

 ( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

 Ref: Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment