Powered by Blogger.

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ က၊ ယာဉ်ကြော ၅၀ ပါ လမ်းမမှာ ကမ္ဘာ့အရှည်ဆုံး ယာဉ်ကြောပိတ်ဆို့ မှုဖြစ်




နောက်တစ်ခါ သင် ကားပိတ်တာကြုံလို့ စိတ်ညစ်နေပြီဆိုရင်၊ ဘေဂျင်းမြို့ သားတွေကို စာနာကြည့်လိုက်ပါ။

မကြာသေးခင်က တရုတ်နိုင်ငံရဲ့ ရက်သတ္တပတ်ကြာ အမျိုးသားရုံးပိတ်ရက်အတွင်း သန်းပေါင်းများစွာသော လူတွေဟာ မိမိနေအိမ်ကို ပြန်ကြရာမှာ အခုလိုယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခဲ့ပါတယ်။

ဘေဂျင်းမြို့ တော်အစွန်ဘက်မှာ စစ်ဆေးရေးဂိတ်အသစ်တစ်ခုကို ဆောက်လုပ်ထည့်သွင်းပြီးနောက်မှာ ယာဉ်ကြော ၅၀ တောင်ရှိတဲ့ အဝေးပြေးလမ်းမကြီးဟာ ကားတွေ ရှေ့ ကို မဆက်ရွေ့ နိုင်လောက်အောင် ယာဉ်ကြောပိတ်ဆို့ မှုကြီးဖြစ်ပွားခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်ရဲ့ တစ်ဖက်ခြမ်းမှာ လမ်းကြောဟာ ၅၀ ကနေ လမ်းကြော ၂၀ အထိနည်းသွားပြီး ကားတွေစုပြုံတိုးကာ ပိတ်ဆို့ မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။





တစ်ပတ်ကြာကြာမြင့်တဲ့ အမျိုးသားရုံးပိတ်ရက်ရှည်အတွင်း အိမ်ပြန်ကြတဲ့လူတွေဟာ မျက်စိတစ်ဆုံးရှည်လျားလှတဲ့ယာဉ်ကြော ပိတ်ဆို့ မှုအတွင်းမှာ ပိတ်မိကာ နာရီပေါင်းများစွာကြာအောင် စောင့်ဆိုင်းခဲ့ရပါတယ်။

ယာဉ်မောင်းသူအများအပြားဟာ ဒီပိတ်ဆို့ မှုကြီးမှာ အချိန်ကုန်နေမယ့်အစား ကားတွေကို စွန့် ခွာပြီး လမ်းမပေါ်မှာပဲ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။





တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်းအုပ်ချုပ်ရေးဌာနက တရုတ်နိုင်ငံလူဦးရေရဲ့ တစ်ဝက်နီးပါးရှိတဲ့၊ လူပေါင်း သန်း ၇၅၀ ကျော်ဟာ Golden Week လို့ ကျော်ကြားတဲ့ အမျိုးသားရုံးပိတ်ရက်ရှည် အတွင်းမှာ ခရီးသွားလာကြလိမ့်မယ်လို့ အကြမ်းဖျင်းခန့် မှန်းထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Metro


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment