Powered by Blogger.

ပျောက်နေတဲ့ အမှတ်တရအချိန်ဗူးကို ကျောင်းသားဟောင်းတွေ Facebook မှာစုစည်းပြီး ရှာနေ




စင်ထရယ်ကယ်လ်ဖိုးနီးယားမှ Hoover အလယ်တန်းကျောင်း ကျောင်းသားဟောင်းတွေဟာ ကျောင်းနှစ်ငါးဆယ်ပြည့်မှာ အမှတ်တရ အချိန်ဗူး ကိုပြန်လည်ဖွင့်နိုင်ဖို့ကြိုးစားနေကြပါတယ်။ လောလောဆယ် အဲဒီ့ အမှတ်တရအချိန်ဗူးဟာ ပျောက်နေတယ်လို့ သတင်းထွက်ရှိထားပါတယ်။ ခတ်တာက အမှတ်တရအချိန်ဗူး ဘယ်နေရာမှာ မြှုပ်ထားတယ်ဆိုတာကို ဘယ်သူမှ မမှတ်မိတော့တာပါပဲ။

အမှတ်တရ အချိန်ဗူးဆိုတာကတော့ နောင်တစ်ချိန်မှာ ပြန်ရှာပြီးဖွင့်ကြည့်ဖို့အတွက် လက်ရှိအချိန်မှာ အမှတ်တရပစ္စည်းတွေကို ထည့်သွင်းမြှုပ်နှံထားတဲ့ ဗူး (သို့) သေတ္တာလေးပါ။

၁၉၇၆ခုနှစ်မှာ ဆရာ Jack Deppner က ကျောင်းသားတွေကို ၈မီလီမီတာ ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တယ်လို့ Florida Today က သတင်းထုတ်ပြန်ပါတယ်။ အမှတ်တရ အချိန်ဗူးကို မြှုပ်နှံတဲ့အချိန်မှာ ဗူးမြှုပ်တဲ့နေရာကို ပြန်ဖော်ပေးနိုင်တဲ့ အမှတ်တရတွေကိုလည်း သူက သိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။၏
ကျောင်းသားဟောင်းတွေဟာ Facebook ပေါ်မှာ ပြန်လည်စုစည်းကြပြီး အမှတ်တရအချိန်ဗူးကို ပြန်လည်ရှာဖွေနိုင်ဖို့ အကြံထုတ်နေကြပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှ မြှုပ်ထားတယ်ဆိုတာကို တစ်ယောက်မှ မသိကြသေးပါဘူး။ ဆရာဟောင်း Deppner ကလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သေသွားခဲ့ပါပြီ။

သတ္တုရှာဖွေစက်နဲ့ မြေအောက်ဖောက်ကြည့်ရေဒါတွေကို သုံးပြီး ကျောင်းဝင်းထဲမှာရှာဖို့ အစီအစဉ်ဆွဲနေတယ်လို့တော့ ကျောင်းသားဟောင်း Dawn Atkinson-Spaccio ကပြောပါတယ်။ တူးရမယ့်နေရာ သတ်မှတ်ပြီးရင် စတင်တူးဖော်ဖို့အတွက် ကျောင်းကနေ ခွင့်ပြုချက်တောင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:FloridaToday


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment