Powered by Blogger.

ခရမ်းချဉ်သီးအချဉ်ရည်တွေ အကုန်စားလိုက်လို့ ဖင်ကို ဘောပင်နဲ့ထိုးခဲ့တဲ့ ရည်းစား




 အိုဟိုင်းရိုး ပြည်နယ် အရှေ့မြောက်ဘက်မှာ နေထိုင်တဲ့ အမျိုးသမီးဟာ သူ့ရည်းစားက ခရမ်းချဉ်သီး အချဉ်ရည်တွေအကုန်စားလိုက်လို့ အော်ပြီး ဘောပင်နဲ့ထိုးသတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ သူဟာ တရားစွဲဆိုမှုတွေကို သက်သာစေဖို့အတွက် အမှုကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၁နှစ်အရွယ် Ronnie Bucknerဟာ အသက် ၅၀နှစ်အရွယ် Phyllis Jefferson ကို ခရမ်းချဉ်သီးအချဉ်ရည်တွေ အကုန်စားလိုက်တဲ့အတွက် Jefferson ရဲ့ တိုက်ခန်းမှာတင် အော်ငေါက်ခဲ့ကြောင်း ရဲတွေကိုပြောပြခဲ့ပါတယ်။ Buckner ဟာ Jefferson ကို အော်ပြီးနောက် ဘောပင်တစ်ချောင်းကို ကောက်ကိုင်ကာ Jefferson ရဲ့ ဖင် ဘယ်ဘက်ခြမ်းကို ထိုးစိုက်ခဲ့ပါတယ်။

Buckner ဟာ သူ့ရည်းစားက စာရင်းဝင်တဲ့ လိင်အကြမ်းဖက်သူတစ်ယောက်မှန်း သိခဲ့ရတဲ့အတွက် ဘောပင်နဲ့ထိုးမှု ဖြစ်ခဲ့မှာပဲလို့ Jefferson ရဲ့ ရှေ့နေကဆိုပါတယ်။ Bunkner ကို နောက်ပိုင်းမှာ အမိန့်ချမှတ်ပါလိမ့်မယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: AP

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment