Powered by Blogger.

ကိုးကွယ်မှုကို စွန့်လွှတ်ဖို့ ငြင်းတဲ့ အမျိုးသမီး သေဒဏ်ကျ




ခရစ်ယာန်အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့ ဆူဒန်နိုင်ငံသူ အမျိုးသမီးဟာ သူမရဲ့ ခရစ်ယာန်ဘာသာအပေါ် ယုံကြည်မှုကို စွန့်လွှတ်ဖို့ ငြင်းပယ်ခဲ့တဲ့အတွက် မေလ ၁၅ရက်နေ့က သေဒဏ်ချမှတ်ခံခဲ့ရကြောင်း သူမရဲ့ ရှေ့နေက ပြောပါတယ်။ 

Meriam Ibrahim အမည်ရှိ အသက်၂၆နှစ်အရွယ် အဲ့ဒီ့အမျိုးသမီးဟာ မူစလင် ဖခင်နဲ့ အီသီယိုးပီးယားက ရှေးရိုးစွဲ ခရစ်ယာန် မိခင် ကနေ မွေးဖွားလာခဲ့သူပါ။ 

သူမဟာ ယုံကြည်ကိုးကွယ်ခဲ့တဲ့ ဘာသာကို မေလ ၁၁ရက်မှာ စွန့်လွှတ်ခဲ့ပြီး နောင်တရရန် ၄ရက် အချိန်ပေးခံခဲ့ရတယ်လို့ သူမရဲ့ ရှေ့နေ Al-Shareef Ali al-shareef Mohammed ကပြောခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ကိုယ်ဝန်ရှိနေတဲ့ မစ္စစ် Ibrahimကို အမိန့်ချမှတ်ခဲ့ပါတယ်။ 

ဆူဒန်နိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ ဥဒေပုဒ်မ အရ မူစလင်ဘာသာကနေ တခြား ဘာသာကို ကူးပြောင်းရင် ရာဇ၀တ်သင့်ပါတယ်။ ဆူဒန်နိုင်ငံက အမျိုးသမီးတွေဟာ မူစလင်ဘာသာဝင်မဟုတ်သူတွေနဲ့ လက်ထပ်ခြင်းကို တားမြစ်ခံထားရပါတယ်။ 

ဥပဒေအရ ကလေးတွေဟာ သူတို့ဖခင်ဖြစ်သူရဲ့ ဘာသာရေးနောက်ကို လိုက်ရမှာပါ။ မစ္စစ် Ibrahimကလေးဘ၀တုန်းက သူမရဲ့ဖခင်ဖြစ်သူဟာ မိသားစုကို ပစ်ထားခဲ့ပြီး သူမရဲ့မိခင်က သူမကို ခရစ်ယာန်ဘာသာအဖြစ် ကြီးပြင်းအောင် မွေးမြူခဲ့ကြောင်း မစ္စတာ Mohammed ကပြောပြခဲ့ပါတယ်။

( Jack )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: The Guardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment