Powered by Blogger.

ဦးခေါင်းနှစ်လုံးနဲ့ ထူးဆန်းတဲ့ကလေးငယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွား




ထူးဆန်းစွာ ခေါင်းနှစ်လုံးပါလာတဲ့ မိန်းကလေးတစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖွားမြင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်၊ကြာသပတေးနေ့ က မွေးဖွားခဲ့တာဖြစ်ပြီး၊ အခုအခါ အသက်ရှူရာမှာအခက်အခဲ ဖြစ်နေမှုကြောင့် ဒါကာမြို့ က၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြီးဆုံးဆေးရုံ၊ အထူးကြပ်မတ်ကုဌာနကို ပြောင်းရွှေ့ ကုသမှုခံယူရလျက်ရှိပါတယ်။

အဆိုပါကလေးမွေးဖွားတဲ့သတင်းကြားပြီးနောက်မှာ ဒါကာမြို့ အရှေ့ ဘက်ပိုင်းက၊ Brahmanbaria ခရိုင်ဆေးရုံကို  လူထောင်ပေါင်းများစွာ ကလေးကို မြင်တွေ့ ခွင့်ရဖို့ အတွက် စုပြုံရောက်ရှိလာတယ်လို့  သိရပါတယ်။

 စိုက်ပျိုးမွေးမြူရေးအလုပ်ကြမ်းသမားတစ်ဦးဖြစ်တဲ့၊ ကလေးရဲ့အဖေဖြစ်သူ Jamal Mia က သူ့ သမီးလေးကို မြင်မြင်ချင်း အရမ်းကိုမှင်တက်မိသွားတယ်လို့ ပြောပြပါတယ်။

“ သမီးလေးမှာ အပြည့်အ၀ဖွံ့ ဖြိုးနေတဲ့ခေါင်းနှစ်လုံး ပါလာပါတယ်။ အစာစားတဲ့အခါ ပါးစပ်နှစ်ပေါက်နဲ့ စားနေ ရပြီး အသက်ရှူတဲ့အခါမှာလည်း နှာခေါင်းနှစ်ခုနဲ့ ရှူနေရတယ်” လို့ သူက AFP သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

သမီးလေးကို စောင့်ရှောက်ကုသဖို့ အတွက် နောက်ထပ်အပိုကုန်ကျစရိတ်တွေ လိုအပ်လာမယ်ဆိုရင်တော့ သူဘယ်လိုလုပ်ရမလဲဆိုတာ ပူပန်နေရတယ်လို့ Jamal က ဆိုပါတယ်။

“ သမီးလေးအတွက် စိတ်မကောင်းမိဘူးဗျာ။ ကျွန်တော့်လို လူဆင်းရဲဆီမှာမှ မွေးလာတာကိုး။ သူ့ အမေကို တောင် ကောင်းကောင်းစောင့်ရှောက်နိုင်ဖို့ ကျွန်တော့်မှာ ပိုက်ဆံမရှိပါဘူး”

ကလေးမွေးဖွားခဲ့တဲ့ဆေးရုံ ရဲ့ ပိုင်ရှင် Abu Kawsar က ကနဦးစမ်းသပ်စစ်ဆေးမှုတွေအရ ကလေးဟာ ခေါင်းနှစ်လုံးပါဝင်လာပေမယ့် အသက်ရှင်ဖို့ အတွက် အဓိကကျတဲ့အင်္ဂါအစိတ်အပိုင်းတွေ တစ်စုံပဲ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ တစ်မြို့ လုံးက ဆေးရုံကို ပြုံကျလာတော့တာပဲ။ တစ်ချို့ ဆို အနီးနားရွာကနေလာကြည့်ကြတဲ့လူတွေတောင် ရှိပါတယ်။ ဒါကာဆေးရုံရွှေ့ လိုက်လို့ တော်သေးတာပေါ့ဗျာ။ နို့ မို့ ဆို ဒီလူအုပ်ကြီးကို ကျွန်တော်တို့ ထိန်းဖို့ တော်တော်ခက်မှာဗျ” လို့ သူက ဆိုပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း ဦးခေါင်းနှစ်လုံးနဲ့ ကလေးငယ်ကို ဘင်္ဂလားဒေ့ရှ်မှာ မွေးဖွားခဲ့ဖူးပြီး မကြာခင်မှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment