Powered by Blogger.

ဆော်ဒီ အာရေဗျ နိုင်ငံ အတွင်းကို ဘီယာ တွေ လိမ်လည် သယ်ဆောင် ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ





အမျိုးသား တစ်ယောက်ဟာ ဆော်ဒီ အာရေဗျ နိုင်ငံ အတွင်းကို Pepsi အမှတ်တံဆိပ် နဲ့ ဖုံးကွယ် အယောင်ဆောင်ထားတဲ့ ဘီယာဗူး ၄၈၀၀၀ ဗူး ကို သယ်ဆောင်ခဲ့တဲ့အတွက် အဖမ်းခံလိုက်ရပါတယ်။

ထို အမျိုးသား Al Batha နယ်ခြားစည်းမျဉ်း အရောက်မှာ နယ်စပ်ထိန်းချုပ်ရေး အရာရှိတွေက သူ သယ်ဆောင်လာတဲ့ အချိုရည်ဗူးတွေနဲ့ ပတ်သက်ပြီး မသင်္ကာစရာကို တွေ့ရှိသွားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ လုပ်ရပ်ဟာ ဘာကြောင့် အပြစ်ရှိခဲ့သလည်းဆိုရင်တော့ ယမကာ ကို တားမြစ်ပိတ်ပင်ထားတဲ့ ဆော်ဒီအာရေဗျ နိုင်ငံအတွင်းကို ဘီယာဗူး များစွာ ယူဆောင်သွားဖို့ ကြိုးစားခဲ့လို့ပါ။ Al Batha နယ်စပ်ထိန်းချုပ်ရေး အထွေထွေ မန်နေဂျာဖြစ်သူ Abdulrahman al-Mahna က ပြောပြခဲ့တာကတော့ "ထရပ်ကားတစ်စီးဟာ Pepsi အချိုရည်တွေများစွာ သယ်ဆောင်လာတာတွေ့တော့ ရပ်ခိုင်းပြီး ကုန်ပစ္စည်းတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဘီယာဗူးတွေကို Pepsi တံဆိပ်တွေနဲ့ ဖုံးအုပ်ထားတာဖြစ်နေပါတယ်" ဆိုတာပါပဲ။

alarabiya.net ဆိုတဲ့ သတင်းဌာနက ဖော်ပြထားတာကတော့ ထို သံသယ ရှိခံခဲ့ရသူ အမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ သူဘယ်လို အပြစ်ပေးခံရမယ်ဆိုတာတော့ မသိရသေးပါဘူး။

ထို သတင်းဟာ ပြည်တွင်းသတင်းစာတွေနဲ့ အွန်လိုင်းသတင်း ၀က်ဘ်ဆိုက်တွေရဲ့ ဖော်ပြမှုကြောင့် နေ့ချင်း ကျော်ကြားသွားခဲ့သလို လုံခြုံရေး အရာရှိတွေ ထို ထရပ်ကား ကို ရှာဖွေခဲ့တဲ့ ဗီဒီယို ဟာလည်း Twitter မှာ Post လုပ်ခဲ့ရာမှာ အကြိမ်ရေ ထောင်ပေါင်းများစွာ ဝေမျှ သွားခြင်းကိုလည်း ရရှိခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment