Powered by Blogger.

Seattle နာမည်ကျော် နံရံကြီးမှ နှစ်၂၀ကျော်ကပ်လာတဲ့ ပီကေတွေကို သန့်ရှင်းရေးလုပ်မည်





Seattle ရဲ့ နာမည်ကျော် ပီကေနံရံကြီးမှ နှစ် ၂၀ကျော်ကြာ သက်တမ်းရှိနေပြီဖြစ်တဲ့ ပီကေတွေကို ခွာချပြီး ရေနွေးငွေ့နဲ့ သန့်ရှင်းရေးလုပ်ပစ်တော့မှာ ဖြစ်ပါတယ်။

Pike Place Market Preservation & Development Authority, သို့ PDA က ကြေညာချက်အရ ခရီးသွားတွေအကြား နာမည်ကျော်ကြားတဲ့ Pike Place Market gum wall ကို နှစ်ပေါင်း ၂၀ကြာပြီးတဲ့နောက် ကပ်ထားတဲ့ပီကေတွေကို ခွာချပစ်တော့မှာလို့ သိရပါတယ်။

PDA မှ ပြောရေးဆိုခွင့်ရှိသူ Emily Crawford က Cascadian Building Maintenance အဖွဲ့နဲ့ စာချုပ်ချုပ်ဆိုငှားရမ်းပြီး စက်ရုံသုံးရေနွေးငွေ့စက်တွေကို အသုံးပြုမှာဖြစ်တယ်လို့ Seattle Times ကို ပြောပြထားပါတယ်။ “ဘာလို့လဲဆိုတော့ ဒါဟာ တကယ်လုပ်ရမယ့် အလုပ်အကြီးကြီး ဖြစ်နေလို့ပါ” လို့ ဆိုပြီး သုံးရက်လောက် အချိန်ယူရမယ်လို့လည်း သိရပါတယ်။

Cascadian Building Maintenance မှ Kelly Foster က တော့ “ ဒီအလုပ်ကတော့ ကျွန်တော်တို့ လုပ်ဖူးသမျှထဲ အထူးဆန်းဆုံးအလုပ်ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။ ဒီသန့်ရှင်းရေးလုပ်ငန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၈နာရီမှာ စတင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Crawford က သူ့အနေနဲ့ TripAdvisor ရဲ့ Tourist Attraction စာရင်းဝင် ပီကေနံရံကြီးကို အနာဂတ်မှာလည်း သန့်ရှင်းရေးလုပ်ဖို့ မျှော်မှန်းမထားကြောင်း “ ကျွန်မတို့အနေနဲ့ ဒီနံရံမှာ ပီကေတွေထပ်မကပ်ရဘူးလို့ မဆိုလိုပါဘူး။ နောက်ခံ Canvas ကို သန့်ရှင်းရေးလုပ်ပြီး လတ်ဆတ်သစ်လွင်သွားအောင် လုပ်ဖို့တော့လိုတယ်လေ” လို့ ဆိုပါတယ်။ 

( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref: Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment